ဤဆောင်းပါး၏ မူကွဲအားလုံး English | فارسى | русский | 中文 | Español | Tiếng Việt

ရိုးစင်းသော လှည့်ကွက်များ


အင်တာနက် စီစစ်ခြင်း အား ကျော်လွှားရန် နည်းလမ်းမြောက်များစွာ ရှိသည်။ အကယ်၍  သင်ရှိနေသောနေရာမှ ပိတ်ပင်ထားသော အင်တာနက်စာမျက်နှာများ သို့မဟုတ် ဝန်ဆောင်မှုများ ကိုသာရရှိရန် နှင့် သင်အင်တာနက်အားကျော်လွှား နေသည်ကို တစ်ယောက်ယောက် မှ ကြည်.ရှုနေခြင်း၊ စုံစမ်းနေခြင်းအား ဂရုမစိုက်၊စိတ်မဝင်စားလျှင် အောက်ပါနည်းလမ်းများ သည်သင့်အတွက် အသုံးဝင်ပေလိမ့်မည်။

  
  • တားမြစ်ထားသော အင်တာနက်စာမျက်နှာ သို့ရောက်ရှိရန် ကြားခံ ဝက်ဘ်ဆိုက်ဒ် အားအသုံးပြုခြင်း
  • ပိတ်ဆို့ထားသော ဝက်ဘ်ဆိုက်ဒ် ၏  အခြားအမည်များကိုအသုံးပြု၍ ကြည့်ရှုခြင်း
  • အီးမေးလ်များမှတဆင့် ပိတ်ပင်ထားသောဝက်ဘ်ဆိုက်ဒ် များအားလေ့လာခြင်း


ကြားခံ ဝက်ဘ်ဆိုက်ဒ် အားအသုံးပြုခြင်း


 မူလ ဝက်ဘ်ဆိုက်ဒ် အားတိုက်ရိုက်ကြည့်ရှုမည့်အစားကြားခံ ဝက်ဘ်ဆိုက်ဒ် များအားအသုံးပြု၍ထိုဝက်ဘ်ဆိုက်ဒ်ပေါ်ရှိအကြောင်းအရာများကိုသင်ဖတ်ရှုနိုင်သည့်နည်းလမ်းမြောက်များစွာရှိသည်။

webproxy

ဆင့်ပွားစာမျက်နှာများ (Cache pages)



Google, Yahoo တို့ကဲ့သို့သော search engines တော်တော်များများသည် ၎င်းတို့ယခင်က စာရင်းပြုစုခဲ့သော အင်တာနက် စာမျက်နှာများကို မူပွားကာ ထိန်းသိမ်းထားသည်။ ယင်းတို့အား cached pages ဆင့်ပွား စာမျက်နှာများ ဟုခေါ်သည်။ သင်ဝက်ဘ်ဆိုက်ဒ် များကို ရှာဖွေသောအခါတွင် ရရှိလာသော link များထဲမှ cache ဆိုသော link အားရှာဖွေပါ။ Search engine server များမှ သင်သည် ပိတ်ပင်ခံထားရသော မူလ ဝက်ဘ်ဆိုက်ဒ် ထံမှမဟုတ်ဘဲ ၎င်း၏ မူပွားစာမျက်နှာများ ကိုရရှိပြီး ဖြစ်သောကြောင့် ပိတ်ဆို့ထားသော အကြောင်းအရာများကို သင်သည် ဖတ်ရှုနိုင်ပေလိမ့်မည်။ သို့သော်လည်း တချို.သော နိုင်ငံများတွင် ထို ဆင့်ပွားစာမျက်နှာ များဝန်ဆောင်မှု caching services များကိုပစ်မှတ်ထား၍ ပိတ်ဆို့ နေ သည်လည်းရှိသည်။   
 g

RSS Aggregators



RSS Aggregators ဆိုသည်မှာ သင့်အားအခကြေးငွေပေး၍ ကြည့်ရှုခွင့်နှင့် RSS feeds ဟုခေါ်သော သင်ရွေးချယ်ထားသော မူလ ဝက်ဘ်ဆိုက်ဒ် မှ ကောက်နှုတ်ထားသော သတင်းများနှင့်အခြား အချက်အလက် များကိုဖတ်ရှုခွင့်ပေးသည်။ RSS ဆိုသည်မှာ"Really Simple Syndication" ဖြစ်သည်။ ၎င်းနှင့် ပတ်သက် သည် များ ကို ပိုမိုသိ ရှိလိုလျှင် http://rssexplained.blogspot.com/ တွင်ဖတ်ရှုနိုင်သည်။ RSS Aggregator တစ်ခုသည် သင်ရွေးချယ်ထားသော သတင်းအချက်အလက်များ ကို ဝက်ဘ်ဆိုက်ဒ် များမှ download လုပ်၍ ဖော်ပြသည်။ ပိတ်ပင်ထားသော ဝက်ဘ်ဆိုက်ဒ် ကိုဆက်သွယ်သူမှာ ထိုကြားခံ ဝက်ဘ်ဆိုက်ဒ် aggregator သာဖြစ်ပြီး သင်မဟုတ်သောကြောင့် ထို ဝက်ဘ်ဆိုက်ဒ် အားသင်ကြည့်ရှုခွင့်ရလိမ့်မည်။ ထိုနည်းလမ်းသည် RSS feeds အကြောင်းအရာ များကိုဖော်ပြထားသော ဝက်ဘ်ဆိုက်ဒ် များအတွက်သာ အသုံးဝင် ပေလိမ့်မည်။ ထို့ကြောင့် ထိုနည်းလမ်းသည် blogs များနှင့် သတင်းစာမျက်နှာများအတွက် အလွန်အသုံး ဝင်ပေလိမ့်မည်။ RSS Aggregator များကို online တွင် အခမဲ့အမြောက်အမြားရရှိနိုင်သည်။ လူသိများသော RSS aggregator များတွင် Google Reader (http://reader.google.com) နှင့် Bloglines (http://www.bloglines.com) ပါဝင်သည်။ 



Google Reader မည်ကဲ့သို့သတင်း ဖော်ပြသည်ကို အောက်တွင်နမူနာ ဖော်ပြလိုက်သည်။

googlereader3_1

ဘာသာပြန်ဝန်ဆောင်မှု




အင်တာနက်ပေါ်တွင် ဘာသာပြန်သည့် ဝန်ဆောင်မှုများ မြောက်များစွာရှိသည်။ တစ်ခါတစ်ရံ search engines များမှထို ဝန်ဆောင်မှုများ ကို ပေး တတ်သည်။ အကယ်၍ သင်သည် Web site တစ်ခုအား ဘာသာပြန်သည့် ဝန်ဆောင်မှု မှတစ်ဆင့် ကြည့်ရှုနေခြင်း ဆိုလျှင်  ပိတ်ပင်ထားသော ဝက်ဘ်ဆိုက်ဒ်  အား ကြည့်ရှုခွင့်ရသူသည် ထိုဘာသာပြန် ဝန်ဆောင်မှု ဖြစ်ပြီးသင်မဟုတ်ပေ။ ထိုအရာသည် သင့်အားပိတ်ပင်ထားသော ဝက်ဘ်ဆိုက်ဒ်  ကို ဘာသာပေါင်းများစွာဖြင့်ဖတ်ရှုခွင့်ပေးသည်။


သင်အမှန်တကယ် ဘာသာပြန်ရန်မလိုအပ်တောင်မှ ပိတ်ဆို့ထားခြင်းအားကျော်လွှားရန် ဘာသာပြန်ဝန်ဆောင်မှုအား အသုံးပြုနိုင်သည်။ မူလ ဝက်ဘ်စာမျက်နှာပေါ်ရှိ မူရင်း ဘာသာမဟုတ်သော တခြားဘာသာစကားတစ်ခုအား ရွေးချယ်ပါ။ ဥပမာ အင်္ဂလိပ်လို ရေးထားသော ဝက်ဘ်ဆိုက်ဒ်အား ကြည့်ရှုချင်သည် ဆိုလျှင် တရုတ်မှ အင်္ဂလိပ် သို့ဘာသာပြန်ုခြင်းကိုရွေးချယ်ပါ။ ဘာသာပြန်ဝန်ဆောင်မှုသည် ဝက်ဘ်ဆိုက်ဒ်ပေါ်တွင် လုံးဝမရှိသော တရုတ်စာများကိုသာ ဘာသာပြန် ၍ ဝက်ဘ်ဆိုက်ဒ် တစ်ခု လုံးဖြစ်သော အင်္ဂလိပ်စာများကို ဘာသာမပြန်ဘဲထားရှိခဲ့သည်။


လူသိများသောဘာသာပြန်ဝန်ဆောင်မှုများတွင် http://babelfish.yahoo.com/  နှင့် http://translate.google.com/ တို့ ပါ ဝင်သည်။


အောက်တွင် ဖော်ပြထားသော ဥပမာ သည် ဝက်ဘ်ဆိုက်ဒ်တစ်ခုအား Babelfish တွင် ကြည့်ရှုရန်လိုအပ်သော အချက်သုံးခုဖြစ်သည်။ ပထမဦးစွာ သင် သွားလိုသော ဝက်ဘ်ဆိုက်ဒ် ၏ နာမည်ကိုရိုက်ထည့်ပါ။ 

babelfish1
ထို့နောက် ယင်းဝက်ဘ်ဆိုက်ဒ်အား သင်မည်သည့်ဘာသာစကားနှင့်ဖတ်လိုသည်ကို ရွေးပါ။ ဤဥပမာ တွင် Babelfish က ကိုရီးယားမှ အင်္ဂလိပ်စာ ကို ပြောင်းလဲလိုက်သည်။  ကိုရီးယားစာမရှိသောကြောင့် ထို စာမျက်နှာ သည် ဘာသာပြန်၍မရဘဲ ကျန်ရှိခဲ့လိမ့်မည်။

babelfish2
သင်ဘာသာစကားအားရွေးချယ်ပြီးသောအခါ Translate ကိုနှိပ်ပြီး စာမျက်နှာ ကို ဖွင့်ပါ။

babelfish3

ကြိမ်နှုန်းနည်း စီစစ်စက်များ


ကြိမ်နှုန်းနည်းစီစစ်စက်များ (low-bandwidth filters) များကိုအင်တာနက် connection နှေးသောနေရာများတွင် ဝက်ဘ်ဆိုက်ဒ် များ ကြည့်ရှုခြင်းအား လွယ်ကူအောင် ပြုလုပ်ပေးထားသည်။ သူတို့သည် ရုပ်ပုံများ ကြော်ငြာများ ကိုဖယ်ရှားလျော့ချပေးပြီး ဝက်ဘ်ဆိုက်ဒ်အား data နည်းနည်းပဲ အသုံးပြုစေသည်။ ထို့ကြောင့် download လုပ်ရာတွင် ပိုမိုမြန်ဆန်လာစေသည်။ သင့် ကွန်ပျူတာ မှမဟုတ်ဘဲ ဘာသာပြန်ခြင်း နှင့် သတင်းအချက်အလက် စုစည်းခြင်း  ဝန်ဆောင် မှုများ နှင့် အတူ ကြိမ်နှုန်းနည်း စီစစ်စက်များ ၏ server များမှတစ်ဆင့် ရိုးရှင်းသော ဝက်ဘ်ဆိုက်ဒ် ပိတ်ဆို့ခြင်းများကို ကျော်လွှား နိုင်သည်။ အသုံးဝင်သော ကြိမ်နှုန်းနည်း စီစစ်စက်သည် http://loband.org/ တွင် ရှိသည်။

ပိတ်ဆို့ထားသော ဝက်ဘ်ဆိုက်ဒ် ၏  အခြားအမည်များကိုအသုံးပြု၍ ကြည့်ရှုခြင်း


ရိုးစင်းစွာပြောရမည် ဆိုလျှင် DNS server သည် google.com ကဲ့သို့သော လူများနှင့်ရင်းနှီးပြီးသော ဝက်ဘ်ဆိုက်ဒ် နာမည်တစ်ခုကို တိကျသော server တစ်ခုအဖြစ် အင်တာနက်ပေါ်တွင် ဖော်ပြနိုင်သော IP address သို့ပြောင်းလဲပေးသည် ။ ဥပမာ 72.14.207.19 ထို server ကို သင်၏ Internet Service Provider (ISP) မှ ထိန်းချုပ်သော DNS server မှအမြဲတမ်းနည်းပါး ရရှိနိုင်သည်။ DNS တောင်းဆိုချက် ကို မမှန်ကန်မသင့်လျော်သော တုံ့ပြန်မှုများပေးခြင်းဖြင့် ရိုးရှင်းစွာ ပိတ်ဆို့နိုင်သည်။


ထိုသို့ပိတ်ဆို့ခြင်းကို အောက်ပါနည်းလမ်းများ ကိုအသုံးပြု၍ ထိထိရောက်ရောက်ကျော်လွှား နိုင်သည်။


ဝက်ဘ်ဆိုက်ဒ် ၏အခြားနာမည်ကို အသုံးပြုခြင်း



ဝက်ဘ်ဆိုက်ဒ်တစ်ခုအား ပိတ်ပင်ရန် သုံးလေ့သုံးထရှိသောနည်းလမ်းများထဲမှ တစ်ခုမှာ ထို ဝက်ဘ်ဆိုက်ဒ် ၏နာမည် ကိုပိတ်ပင် လိုက်ခြင်းဖြစ်သည်။ ဥပမာ "news.bbc.co.uk” သို့သော်လည်း တခါတရံတွင် ထို ဝက်ဘ်ဆိုက်ဒ်ကို တခြားနာမည် တစ်ခုတွင် ဖတ်ရှုနိုင်သည်။ "newsrss.bbc.co.uk" အကယ်၍ ဝက်ဘ်ဆိုက်ဒ် နာမည်တစ်ခုအပိတ်ခံလိုက် ရလျှင် အခြားနာမည်တစ်ခုတွင် ထို ဝက်ဘ်ဆိုက်ဒ်အား ဖတ်ရှုနိုင်ခြင်းရှိမရှိကို ရှာဖွေပါ။


DNS Server များပြောင်းလဲအသုံးပြုခြင်း


ISP Server မှပိတ်ပင်ထားသော domain သို့ရောက်ရှိရန် ကြားခံ server များကို အသုံးပြု၍ ပြည်တွင်း ISP ၏ domain name server ကို ကျော်လွှားသောနည်လမ်းဖြစ်သည်။ နိုင်ငံတကာတွင် ရရှိနိုင်သော အခမဲ့ DNS server များကို သင်အသုံးပြုနိုင်သည်။ Open DNS (https://www.opendns.com/) ထိုကဲ့သို့ဝန်ဆောင်မှုမျိုးကိုပေးထားပြီး သင့်ကွန်ပျူတာအသုံးပြုနေသော DNS server အားမည်ကဲ့သို့ပြောင်းလဲရမည်ကိုပါ လမ်းညွှန်ထားသည်(https://www.opendns.com/smb/start/computer/)။  ကမ္ဘာတဝန်းတွင် ရှိသော နောက်ဆုံးပေါ် DNS server များကို http://www.dnsserverlist.org/ တွင်ရရှိနိုင်သည်။ 


အီးမေးလ်များမှတဆင့် ပိတ်ပင်ထားသောဝက်ဘ်ဆိုက်ဒ် များအားလေ့လာခြင်း


အီးမေးလ် နှင့် ဝက်ဘ်မေးလ် ဝန်ဆောင်မှုများကို သူငယ်ချင်းများ လုပ်ဖော်ကိုင်ဖက်များနှင့် အချက်အလက်များ ဝေမျှ ရန်၊ ဝက်ဘ်ဆိုက်ဒ်များကြည့်ရန်အသုံးပြုနိုင်သည်။


အီးမေးလ်မှတဆင့် ဝက်ဘ်စာမျက်နှာများကို ကြည့်ရှုခြင်း



ကြိမ်နှုန်းနည်း စီစစ်စက်များကဲ့သို့ပင် နှေးကွေးသော သို့မဟုတ် မယုံကြည်ရသော အင်တာနက် connection ရှိသော နေရာများတွင် နေထိုင်သော လူများအတွက် အီးမေးလ်မှတဆင့် အင်တာနက်စာမျက်နှာများ ကို ကြည့်ရှုနိုင်သော ဝန်ဆောင်မှုများရှိသည်။ ထို ဝန်ဆောင်မှုသည် သင် ကြည့်ရှုချင်သော အင်တာနက်စာမျက်နှာကို attachment နှင့် ဖြစ်စေ စာပိုဒ်နှင့်ဖြစ်စေ အီးမေးလ်ပြန်ပို့သည်။ ထိုဝန်ဆောင်မှုသည် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ဝက်ဘ် စာမျက်နှာများအတွက်  သီးခြားစာတစ်ခုပို့ရန်လိုအပ် ၍ ပြန်လည်ပို့မည့်စာကိုစောင့်မျှော် ရခြင်းအတွက် အကျိုးသက်ရောက်မှုသိပ်မရှိပေ။ သို့သော် အချို.နေရာများတွင် ထိုနည်းလမ်းကိုအသုံးပြုခြင်းသည် ပိတ်ထားသော ဝက်ဘ်ဆိုက်ဒ်များကိုကြည့်ရှုရန် အလွန်အသုံးဝင်သည်။ အထူးသဖြင့် ယုံကြည်စိတ်ချရသော အီးမေးလ် ဝန်ဆောင်မှုမှ အသုံးပြုလျှင်ဖြစ်သည်။

Pagegetter.com သည် ထိုကဲ့သို့သော ဝန်ဆောင်မှုများထဲမှ တစ်ခုဖြစ်သည်။ အသုံးပြုရန် သင် ကြည့်ချင်သော ဝက်ဘ်ဆိုက်ဒ် ၏ နာမည်ကို အီးမေးလ် ၏ subject တွင်ဖြစ်စေ စာကိုတွင် ဖြစ်စေ ထည့် ၍ web@pagegetter.com သို့အီးမေးလ်ပို့ပါ။ graphics များပါဝင်သော ဝက်ဘ်ဆိုက်ဒ် အပြည့် ကို သင်အလိုအလျောက်ရပေလိမ့်မည်။


ဘောင်များပါဝင်သော အင်တာနက်စာမျက်နှာများကို အီးမေးလ်မြောက်မြားစွာဖြင့် ပို့လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အီးမေးလ်ဝန်ဆောင်မှုတော်တော်များများသည် ဘောင်များကိုမဖော်ပြနိုင်သောကြောင့်ဖြစ်သည်။ ဘောင်များသည် ဖန်သားပြင်တစ်ခုထဲပေါ်တွင် စာမျက်နှာများစွာကို ဖော်ပြထားသလိုဖြစ်နေသည်။ outlook express ကဲ့သို့ သင်၏အီးမေးလ်သည် ဘောင်များကို ဖော်ပြနိုင်သည်ဆိုလျှင်သင်သည် အီးမေးလ်တစ်စောင်ကိုသာရလိမ့်မည်။ ထိုကဲ့သို့ ကိစ္စမျိုးတွင် frames@pagegetter.com သို့အီးမေးလ်ပို့ပါ။


စာသားများသာပါသော စာမျက်နှာများကို ရရှိရန် text@pagegetter.com သို့ အီးမေးလ်ပို့ပါ။ Personal Digital Assistants (PDA) ဖုန်းများနှင့် စာများသာဖော်ပြနိုင်သော အီးမေးလ် စနစ်အတွက် အထူးအသုံးဝင်သည်။ Graphic မပါဘဲ HTML စာမျက်နှာများ ရရှိရန် HTML@pagegetter.com သို့ အီးမေးလ် ပို့ပါ။


တူညီသော ဝန်ဆောင်မှုကို web2mail.com တွင် တွေ့ရှိနိုင်သည်။ အသုံးပြုရန် သင်ကြည့်ချင်သော ဝက်ဘ်ဆိုက်ဒ် ၏နာမည် ကို အီးမေးလ် ၏ subject နေရာ တွင် ရိုက် ထည့် ၍ www@web2mail.com သို့ပို့ပါ။ ဝက်ဘ်ဆိုက်ဒ် နာမည် မဟုတ်ဘဲ အခြားရှာဖွေ လိုသည့်အရာကို subject ထဲတွင် ထည့်ရိုက် ၍ ရှာဖွေနိုင်သည်။ ဥပမာ သင်သည် ဆင်ဆာအားကျော်လွှားသော ကိရိယာများကို ရှာဖွေလိုသည်ဆိုလျှင် "search censorship circumvention tools" ကို အီးမေးလ် ၏ subject နေရာတွင်ရိုက်ထည့်ပြီး www@web2mail.com သို့အီးမေးလ်ပို့နိုင်သည်။


ဤအကြောင်းအရာ နှင့်ပတ်သက်သော သတင်းနှင့် အချက်အလက်များကို ACCMAIL စာပို့စာရင်းတွင် ဖတ်ရှုနိုင်သည်။ လစဉ်ကြေးပေး ၍ သုံးစွဲ လိုလျှင် listserv@listserv.aol.com သို့စာကိုယ် တွင် "SUBSCRIBE ACCMAIL" ရိုက် ၍ အီးမေးလ် ပို့နိုင်သည်။
 

ဝက်ဘ်မေးလ်ကို အသုံးပြု ၍  အချက်အလက်များဝေမျှခြင်း


သင်သည် online တွင် အချက်အလက်များဝေမျှရန် ကြိုးစားနေခြင်းဖြစ်ပြီး ကြည့်ရှုနိုင်သည့် လူကိုထိန်းချုပ်ချင်သည်ဆိုလျှင် မှန်ကန်သော password ရှိသူသာကြည့်ရှုနိုင်သည့် ကိုယ်ပိုင်နေရာတွင် ထိန်းသိမ်းထားနိုင်သည်။ သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် အချက်အလက်များ ဝေမျှရန် ရိုးစင်းသော နည်းလမ်းတစ်ခုမှာ Gmail (https://mail.google.com/) ကဲ့သို့သော email အကောင့်တစ်ခုထဲကို အသုံးပြု ၍ အချက်အလက်လိုအပ်သူကို Username နှင့် Password ဝေမျှ သုံးစွဲခြင်းဖြစ်သည်။ ဝက်ဘ်မေးလ်တော်တော်များများ ကိုအခမဲ့ သုံးစွဲနိုင်သောကြောင့်အကောင့် တစ်ခုမှ တစ်ခုသို့ ပြောင်းလဲရန်လွယ်ကူပြီး ထိုသို့လုပ်ခြင်းဖြင့် မိမိတို့ အဖွဲ့အပြင်မှ လူများအား မျက်စိလည်စေသည်။ အခမဲ့ online အီးမေးလ်များကို www.emailaddresses.com/email_web.htm တွင်ရရှိနိုင်သည်။

ကောင်းကျိုး ၊ ဆိုးကျိုး


ထိုနည်းလမ်းများ ကို လွယ်လွယ်ကူကူ နှင့် လျှင်လျှင်မြန်မြန် အသုံးပြုနိုင် ၍အားစိုက်ထုတ်ရန် သိပ်မလိုအပ်ပေ။ ထိုနည်းလမ်း တော်တော်များများသည် နေရာအနှံ့ အပြားတွင် အနည်းဆုံး ခဏတော့ အလုပ်လုပ်နိုင်သည်။ သို့သော်လည်း စုံစမ်းရန် နှင့် ပိတ်ပင်ရန် အလွန်လွယ်ကူသည်။ သင်၏ဆက်သွယ် မှုများ အား ဖုံးကွယ် မထားခြင်း၊ စကားဝှက်မထားရှိခြင်း တို့ကြောင့် အဓိကစာလုံး များအား ရှာဖွေ ပိတ်ဆို့ခြင်းနှင့်စောင့်ကြည့်ခြင်း တို့ ကို မတွန်းလှန်နိုင်သေးပေ။

READ & DOWNLOAD the manual in other languages >>

  • HOW TO BYPASS INTERNET CENSORSHIP by FLOSS Manuals Community Members

    Inform yourself on how Internet censorship works and how to route around it with free software. Includes an excellent overview of the techniques and tools for beginners and advanced users.
    Paperback book: €11.53,

    available on Lulu.com
  • HOW TO BYPASS INTERNET CENSORSHIP - supplement for proprietary software by Sesawe

    Paperback book: €5.05,

    available on Lulu.com