ဤဆောင်းပါး၏ မူကွဲအားလုံး English | فارسى | русский | 中文 | عربي | Español | Tiếng Việt

HTTP Proxy ဆိုသည်မှာအဘယ်နည်း

Application proxy ဟုခေါ်သော software သည် အင်တာနက်ပေါ်ရှိ ကွန်ပျူတာ တစ်ခုကို အခြားကွန်ပျူတာ တစ်ခုမှ တောင်းဆိုမှု များအား ဆောင်ရွက်စေသည်။ အသုံးအများဆုံး application proxy များမှာ Website ကြည့်လိုခြင်းများကို ဆောင်ရွက်ပေးသော HTTP proxy နှင့် များပြားလှစွာသော application များမှ connection တောင်းဆိုခြင်းများ ကို ဆောင်ရွက်ပေးသည့် SOCKS proxy တို့ဖြစ်သည်။ ယခုအခန်းတွင် HTTP proxy အကြောင်း နှင့် ယင်းတို့အလုပ်လုပ် ပုံအားတင်ပြမည်ဖြစ်သည်။

Proxy အကောင်းနှင့် Proxy အဆိုးများ


Application proxy များကို network operator များမှ ထိန်းချုပ်ပြီး အင်တာနက်ဆင်ဆာလုပ်ရန်နှင့် User များကို စောင့်ကြည့်ထိန်းချုပ်ရန် ဖြစ်သည်။ သို့သော်လည်း application proxy များသည် အသုံးပြုသူများ အတွက်လည်း ဆင်ဆာကို ကျော်ဖြတ်ရန် နှင့် အခြားသော network ပိတ်ဆို့ခြင်းများ ကို ကျော်လွှားရန် အတွက် ကိရိယာ တစ်ခုဖြစ်သည်။

 

ကြည့်ရှုခြင်းအားတားမြစ်သော Proxy များ


Network operator တစ်ယောက်သည်  အင်တာနက်အသုံးပြုခြင်း(အနည်းဆုံး web page များကြည့်ခြင်း) ကို တိကျသော proxy မှသာ အသုံးပြုစေလိုသည်။ Network operator မှ ထို proxy အား User များ မည်သည့် site ကို ကြည့်နေသည် ကိုသိရန် နှင့် အချို့သော site များ service များ(IP blocking နှင့် Port blocking) ကို ပိတ်ပင်ရန် program လုပ်ထားနိုင်သည်။ ဤအကြောင်း အရာ တွင် network operator မှ သတ်မှတ်ထားသော proxy ကို ဖြတ်မသွားသော  ဆက်သွယ်မှုများ အား ပိတ်ရန် firewall ကို အသုံးပြုလိမ့်မည်။ ထိုသို့လုပ်ဆောင်ခြင်းအား forced proxy ဖိအားပေး proxy ဟုခေါ်သည်။ အဘယ်ကြောင့်ဆိုသော် အသုံးပြုသူများ မှ လုပ်ကိုလုပ်ရန် လိုအပ်သော ကြောင့်ဖြစ်သည်။

ကျော်လွှားခြင်းအတွက် proxyများ


သို့သော်လည်း application proxy သည် အင်တာနက်ပိတ်ဆို့ခြင်းများကို ကျော်လွှားရန်လည်း အလွန် အသုံးဝင်သည်။ သင်သည် ပိတ်ဆို့ထားခြင်းမရှိသည့် နေရာမှ application proxy အသုံးပြုနေသော ကွန်ပျူတာ နှင့် ဆက်သွယ်နိုင်သည် ဆိုလျှင် ၎င်း၏ တားမြစ်ခြင်း မရှိသော connection မှအကျိုး ရရှိနိုင် သည်။ တစ်ခါတစ်ရံတွင် proxy ကို လူများအသုံးပြု၍ ရတတ်သည်။ ထိုအခြေအနေမျိုး ကို open proxy ဟုခေါ်သည်။ အကယ်၍ ကွန်ယက်ကန့်သတ်ချက် ကို ထိန်းချုပ်သူများမှ သိရှိခဲ့လျှင် open proxy အများစုအား အင်တာနက် ကန့်သတ်သော နိုင်ငံများတွင် ပိတ်ဆို့ထားလိမ့်မည်။

Application proxy ကို မည်သည့်နေရာတွင်ရှာရမည်နည်း။


Open application proxy များကို စာရင်းပြုထားသော website များစွာရှိသည်။ ထိုwebsite အများစုကို http://www.dmoz.org/Computers/Internet/Proxying_and_Filtering/Hosted_Proxy_Services/Free/Proxy_Lists/. တွင်ရရှိနိုင်သည်။

 
သတိပြုရန်မှာ open application proxy တော်တော်များများ သည် နာရီပိုင်း သာ ခံသောကြောင့် update လုပ်ထားသော အချိန် သိပ်မကြာသေားသော proxy ကို ရယူရန်အရေး ကြီးသည်။

 

HTTP Proxy settings


Application proxy ကို အသုံးပြုရန် သင်၏ operating system အတွက် သို့မဟုတ် application တစ်ခုအတွက် proxy setting ကို အရင်ပြောင်းလဲပြုပြင် ရမည်ဖြစ်သည်။ သင် application တစ်ခု၏ proxy setting ထဲတွင် proxy တစ်ခုကိုရွေချယ် ပြီးပြီဆိုသည် နှင့် ထိုapplication သည် ၎င်း၏ အင်တာနက်အသုံးပြုခြင်း အားလုံးအတွက် ယင်းproxy ကို အသုံးပြုလိမ့်မည်။ မူလ setting ကိုပြန်လည် အသုံးပြုရန်အတွက် ၎င်းတို့အား မှတ်သားထားရန်တော့ လိုလိမ့်မည်။ အကယ်၍ ထို proxy သည် အကြောင်းတစ်ခုခုကြောင့် အသုံးပြု၍ မရတော့လျှင် ၎င်းကို အသုံးပြု၍လည် ပတ်နေသော software သည် အလုပ်ဆက်မလုပ်တော့ဘဲ ရပ်တန့်သွားလိမ့်မည်။ ထိုသို့ဖြစ်လာလျှင် သင်သည် မူလ setting ကို ပြန်လည်အသုံးပြုရလိမ့်မည်။

Mac OS X နှင့် အချို့ Linux စနစ်များတွင် ထို setting များကို operating system များထဲတွင် ပြုပြင်ပြောင်း လဲနိုင်ပြီး web browser သို့မဟုတ် message ပို့သော application များအတွက် အလိုလျှောက် အသုံးချသွားလိမ့်မည်။ Window များနှင့် Linux system များတွင် proxy setting များကို ပြုပြင်ပြောင်းလဲ ရန် တည်နေရာမရှိဘဲ application များကို local setting အတိုင်းသာ ထားရှိရမည်။ Proxy setting များကိုယေဘုယျ ပြုပြင်နိုင်သည် ဆိုလျှင်တောင် application များသည် ထို setting များနှင့် ကိုက်ညီလိမ့် မည်ဟုအာမခံချက် မရှိပေ။ ထို့ကြောင့် application တစ်ခုစီ၏ setting တစ်ခုစီအား အမြဲစစ်ဆေးနေ သင့်သည်။

ပုံမှန်အားဖြင့် web browser များသာ HTTP proxy ကိုတိုက်ရိုက် အသုံးပြုခွင့်ရသည်။

prox2
အောက်ဖော်ပြပါ အချက်များတွင် Microsoft Internet Explorer, Mozilla Firefox, the free နှင့် Open Source Instant Messaging Client Pidgin တို့အတွက် proxy အသုံးပြုရန် မည်ကဲ့သို့ ပြောင်းလဲပြုပြင် ရမည်တို့ ပါရှိသည်။ သင် web များကြည့်ရှု ခြင်းအတွက် firefox ကို အသုံးပြုနေသည် ဆိုလျှင် switch proxy software ကိုအသုံးပြုရန် ပိုမိုလွယ်ကူလိမ့်မည်။ အကယ်၍ Tor ကို အသုံးပြုလျှင် သင်၏ browser မှ ၎င်းအတွက် ပြုပြင်မှုပြုလုပ်ရန် TorButton software(Tor Bundle download လုပ်ရာတွင် ပါဝင်သော အစိတ်အပိုင်း) ကို သုံးရန် အကောင်းဆုံးဖြစ်သည်။

Microsoft Outlook နှင့် Mozilla Thunderbird ကဲ့သို့ email client များ သည်လည်း HTTP proxy သုံးရန် ပြုပြင်နိုင်သည်။ email ပို့ခြင်းနှင့် လက်ခံခြင်းတို့အတွက် တကယ့်လမ်းကြောင်းအမှန် များသည် POP3,IMAP နှင့် SMTP တို့ကဲ့သို့သော protocol များကို သုံးကြပြီး အထက်ပါ software သုံးလမ်းကြောင်းများ ကတော့ HTTP proxy ကို ဖြတ်သန်းခြင်းမရှိပေ။

 

Mozilla Firefox

HTTP Proxy အားသုံးရန် Mozilla Firefox အားပြင်ဆင်ခြင်း :

  1. Tools မှ Options ကိုရွေးလိုက်ပါ:1_1
  2. "Options" window ပေါ်လာပါလိမ့်မည်:2
  3. Windows ၏အစွန်ဆုံးတွင်တွေ့ရသော Advance ကိုနှိပ်လိုက်ပါ:
  4. Network ကိုရွေးလိုက်ပါ။:
    4_1
  5. "Settings"ကိုရွေးပေးလိုက်ပါ.  "Connection Settings" window ပေါ်လာပါလိမ့်မည်:5
  6. "Manual proxy configuration" ကိုရွေးပေးလိုက်ပါကအောက်တွင်ဖော်ပြထားသော option များကိုတွေ့ရပါလိမ့်မည်။6a_1
  7. "HTTP proxy" နှင့် "Port" number များကိုရိုက်ထည့်ပေးပါ ။ပြီးလျှင်"OK" ကိုနှိပ်လိုက်ပါ.
    7

Use this proxy for all protocals ကိုရွေးချယ်လိုက်ပါက HTTPS နှင့် FTP ဆက်ကြောင်းများကိုပါ ထို proxy မှတစ်ဆင့်ဖြတ်သန်း ရန်လုပ်ဆောင်ပါလိမ့်မည်။ ထိုကြောင့် public application proxy ကိုသုံးမည်ဆိုပါက ၄င်းတို့သည် အများအားဖြင့် HTTPS နှင့် FTP ကို support မပေးသုံးကြောင့် အသုံးပြု၍မရနိုင်ပေ။ အကယ်၍ သင့်ကို HTTP နှင့် FTP တို့ကိုပိတ်ထားပါက ၄င်းတို့ကို support ပေးနိုင်သော public application proxy ကိုရှာဖွေ၍အသုံးပြုနိုင်ပါသည်။ ထိုအခါမျိုးတွင် use this proxy server for all protocols ဆိုပြီးရွေးထားနိုင်ပါသည်။

Firefox ကို HTTP proxy အသုံးပြုရန် ပြင်ဆင်ပြီးဖြစ်ပါသည်။

Microsoft Internet Explorer

Internet Explorer အား HTTP proxy ဖြင့်သုံးရန် ပြင်ဆင်ပုံ:

  1. "Tools" menu မှ "Internet Options" ကိုရွေးပေးပါ:
    FLOSS_Manuals__en____Microsoft_Internet__2008_11_12__22_40_02
  2.  "Internet Options" window ပေါ်လာပါလိမ့်မည်:InternetOptions06
  3. "Connections" tab ကိုရွေးလိုက်ပါ.
    Internet_Options__2008_11_12__22_40_09
  4. "LAN Settings" ကိုရွေးလိုက်ပါ. "Local Area Network (LAN) Settings" window ပေါ်လာပါလိမ့်မည်။Local_Area_Network__LAN__Settings__2008_11_13__11_44_41
  5. "Use a proxy server for your LAN" ကိုရွေးပေးလိုက်ပါ။ 
  6. "Advanced" ကိုရွေးပေးလိုက်သောအခါ  "Proxy Settings" window ပေါ်လာပါလိမ့်မည်။IE_proxy_settings7
  7. "Proxy address to use" နှင့် "Port" ကိုရိုက်ထည့်ပေးလိုက်ပါ။
  8. Use this proxy for all protocals ကိုရွေးချယ်လိုက်ပါက HTTPS နှင့် FTP ဆက်ကြောင်းများကိုပါ ထို proxy မှတစ်ဆင့်ဖြတ်သန်း ရန်လုပ်ဆောင်ပါလိမ့်မည်။ ထိုကြောင့် public application proxy ကိုသုံးမည်ဆိုပါက ၄င်းတို့သည် အများအားဖြင့် HTTPS နှင့် FTP ကို support မပေးသုံးကြောင့် အသုံးပြု၍မရနိုင်ပေ။ အကယ်၍ သင့်ကို HTTP နှင့် FTP တို့ကိုပိတ်ထားပါက ၄င်းတို့ကို support ပေးနိုင်သော public application proxy ကိုရှာဖွေ၍အသုံးပြုနိုင်ပါသည်။ ထိုအခါမျိုးတွင် use this proxy server for all protocols ဆိုပြီးရွေးထားနိုင်ပါသည်။
    IE_proxy_settings9
Internet Explorer အနေဖြင့် HTTP Proxy အသုံးပြုရန် အဆင်သင့်ဖြစ်နေပါပြီ။

Pidgin Instant Messaging Client

Web browers သာမက အခြား application များသည်လည်း HTTP proxy ကိုသုံးပြီး အင်တာနက်ချိတ်ဆက်ရန် အသုံးပြုနိုင်ပါသည်။ အောက်ပါသည် Instant Messaging Software တစ်ခုဖြစ်သော Pidgin ၏ နမူနာဖြစ်ပါသည်။

  1. "Tools" မှ  "Preferences" ကိုရွေးလိုက်ပါ:PidginConfigProxy1_1

  2. Pidgin သည်"Preferences" window ပေါ်လာပါလိမ့်မည်:PidginConfigProxy2_1
  3. "Network" tab ကိုရွေးလိုက်ပါ။PidginConfigProxy3_1
  4. "Proxy type"အတွက်  "HTTP" ကိုရွေးပေးလိုက်ပါ။ ထို့နောက် အောက်တွင်တခြား ဖြည့်စွတ်စရာများပေါ်လာ ပါလိမ့်မည်။
    PidginConfigProxy4_1
  5. ကိုယ့် HTTP Proxy ၏ "Host" address နှင့် "Port" နံပါတ်ကိုရွေးချယ်လိုက်ပါ။PidginConfigProxy5http
  6. "Close" ကိုနှိပ်လိုက်ပါ။
Pidgin အား HTTP proxy ဖြင့် အသုံးပြုရန် ပြင်ဆင်ပြီးဖြစ်ပါသည်။

Proxy များဖြင့်သုံးပြီးသောအခါ

Proxy အများအသုံးပြုပြီးသောအခါ ၊ အထူးသဖြင့် အများသုံး ကွန်ပျူတာများတွင် သုံးသောအခါ ပြင်ဆင်ထားသော setting များအား မူလ အတိုင်းပြန်ထားပေးလိုက်ပါ။ မဟုတ်ပါက တစ်ခြားလူများအသုံးပြုပါက ထို proxy များအတိုင်း ဆက်ကြောင်းများ သွားလာနေပါလိမ့်မည်။ အထူးသဖြင့် မိမိသည် proxy သုံးကြောင်း တခြားလူများမသိစေချင်ပါက အရေးကြီးပါသည်။


 

 

READ & DOWNLOAD the manual in other languages >>

  • HOW TO BYPASS INTERNET CENSORSHIP by FLOSS Manuals Community Members

    Inform yourself on how Internet censorship works and how to route around it with free software. Includes an excellent overview of the techniques and tools for beginners and advanced users.
    Paperback book: €11.53,

    available on Lulu.com
  • HOW TO BYPASS INTERNET CENSORSHIP - supplement for proprietary software by Sesawe

    Paperback book: €5.05,

    available on Lulu.com