ဤဆောင်းပါး၏ မူကွဲအားလုံး English | فارسى | русский | 中文 | Español

Psiphon အား Install ပြုလုပ်ခြင်း

Psiphon အား install ပြုလုပ်ရန်အတွက် ဆင်ဆာမဖြတ်သော အင်တာနက်ကွန်နက်ရှင်နှင့် ဝင်းဒိုးအသုံးပြုထားသော ကွန်ပျူတာ တစ်လုံးလိုအပ်ပါသည်။ Router အား Port forwarding rule ဖြင့် မိမိအသုံးပြုသောကွန်ပျူတာသို့ port 443 သို့ညွှန်းထားရပါမည်။ ဘယ်သို့ပြုလုပ်ရမည်ကို မိမိ router ၏ manual တွင် ရှင်းလင်းပြသထားသလို http://portforward.com/english/applications/port_forwarding/HTTPS/HTTPSindex.htm. တွင်လည်းကြည့်ရှူ နိုင်ပါသည်။


ပထမဆုံးအနေဖြင့် http://www.psiphon.ca/download.php မှ script တစ်ခုကိုဒေါင်းလုပ်ချလိုက်ပါ။ ( ဖိုင်အရွယ်အစား 2MB လောက်ရှိပါမည်။)


“.msi” ဖြင့်ဆုံးသော Install file အား ကလစ် ၂ ချက်ခေါက်လိုက်ပါ။ Next ကိုနှိပ်ပြီး Psiphon အားထည့်သွင်းလိုသောနေရာကိုရည်ညွှန်းပေးလိုက်ပါ။ မသေချာပါက ဒီအတိုင်းထားပြီး Next ကိုနောက်တစ်ခေါက်ထပ်နှိပ်လိုက်ပါ။


ထည့်သွင်းပြီးသော ပရိုဂရမ်အား စတင်ရန်အတွက် မိမိ desktop တွင်ရှိသော psiphon icon အား ကလစ်နှစ်ချက်ခေါက်လိုက်ပါ။ ပထမဆုံး အသုံးပြုပါက Windows firewall သတိပေးချက်ကိုမြင်ရပါလိမ့်မည်။ ထိုသို့ပေါ်လာပါက “unblock” ကိုရွေးပေးလိုက်ပါ။

   windows_security_alert

ထို့နောက် မိမိ၏ psiphon node အားသတ်မှတ်ပေးရန်လိုအပ်ပါသည်။ ပထမဆုံး မိမိ psiphon node အတွက် အမည်တစ်ခုကိုပေးလိုက်ပါ။ ဥပမာ “cship”. ၄င်းအမည်သည် node အားဝင်ရောက်အသုံးပြုရန်ရိုက်ထည့်ရသော URL ၏တစိတ်တပိုင်းဖြစ်လာပါလိမ့်မည်။

 psiphon1_screenshot3

မိမိ psiphon node ကိုအသုံးပြုသူအသစ်များထည့်ရန် အက်ကောန့်အသစ်များကိုပြုလုပ်ပေးရန် လိုအပ်ပါလိမ့်မည်။ ထိုကဲ့သို့ပြုလုပ်ရန် “Add” ကိုနှိပ်ပြီး လိုအပ်တဲ့အချက်အလက်များကို ဖြည့်ပေးရပါလိမ့်မည်။

   psiphon1_screenshot5_1
 
ထို့နောက် psiphon node ကိုစတင်အသုံးပြုရန် “Start” ကိုနှိပ်လိုက်ပါ။
   psiphon1_screenshot6
၎င်း ပရိုဂရမ်သည် IP address အား အလိုအလျှောက်ရှာဖွေပြီး တစ်ခြားသူများ ဝင်ရောက်နိုင်ရန်အတွက် Link တစ်ခုကိုထုတ်ပေးပါလိမ့်မည်။ ထို node အားမျှဝေအသုံးပြုရန်အတွက် - Link, username , နှင့် password ကိုအသုံးပြုမည့်လူထံသို့ပေးပို့ရပါမည်။


READ & DOWNLOAD the manual in other languages >>

  • HOW TO BYPASS INTERNET CENSORSHIP by FLOSS Manuals Community Members

    Inform yourself on how Internet censorship works and how to route around it with free software. Includes an excellent overview of the techniques and tools for beginners and advanced users.
    Paperback book: €11.53,

    available on Lulu.com
  • HOW TO BYPASS INTERNET CENSORSHIP - supplement for proprietary software by Sesawe

    Paperback book: €5.05,

    available on Lulu.com