ဤဆောင်းပါး၏ မူကွဲအားလုံး English | فارسى | русский | 中文 | عربي | Español | Tiếng Việt

Tor Browser Bundle အားအသုံးပြုခြင်း


Tor Browser Bundle သည် Tor ကို Window များပေါ်တွင် Web Browser တစ်ခု ကို ဖော်ပြစရာမလို ဘဲ သုံးခွင့် ပေးသည်။ ပို၍ ကောင်းမွန်သည် မှာ ၎င်းကို ကွန်ပျူတာ တိုင်း ၏ hard drive ထဲတွင် တပ်ဆင် စရာမလိုဘဲ မည်သည့် Window PC သို့မဆို သယ် ဆောင်သွား နိုင် ပြီး USB flash drive မှတဆင့် အသုံးပြုနိုင် သော portable application တစ် ခု လည်း ဖြစ်နေသောကြောင့် ဖြစ် သည်။



Tor Browser Bundle ကို download လုပ်ခြင်း


Tor Browser Bundle ကို torproject.org Web site မှ ဖိုင်တစ်ခု လုံးအဖြစ်သော် ၎င်း (13MB) ဖိုင်တစ်ခု ကို 1.4MB မျှသာ ရှိသော ဖိုင် အများကြီး ပုံစံ ‘split’ version အဖြစ်သော် ၎င်း သင် download လုပ် နိုင် သည် ။ အကယ် ၍ သင် ၏ အင်တာနက် connection က နှေးနေခြင်း နှင့် စိတ်မချရလျှင် ဖိုင် တစ်ခုတည်း အကြီးကြီး ကို download လုပ် မည့် အစား split version ကပိုမို အလုပ်ဖြစ်ပေလိမ့်မည်။



အကယ် ၍ torproject.org Web site သည် သင် ရှိနေသောနေရာမှ စီစစ်ခြင်းခံရမည် ဆိုလျှင် သင်ကြိုက်နှစ် သက်ရာ Web search engine ထဲတွင် ‘tor mirrors’ ဟုရိုက်ထည့် ပါ။ ထွက်လာမည့် ရလဒ်ထဲတွင် Tor Browser Bundle ကို download လုပ် နိုင်သည့် အခြား address များ ပါဝင်ပေလိမ့်မည်။



သတိပြုရန်။ သင် Tor Bundle ကို download လုပ်သော အခါ (ဖိုင်တစ်ခုလုံး သို့မဟုတ် split version) ဖိုင်များ ၏ သင်္ကေတကို စစ်ဆေးသင့်သည်။ အထူးသဖြင့် သင် mirror site မှ ဖိုင်ကို download လုပ်နေသည် ဆို လျှင် ပို ၍ စစ်ဆေးသင့်သည်။ ထိုအဆင့် သည် ဖိုင် ကို ဝင်ရောက်စွက် ဖက်ခြင်းမရှိဟူသော အချက်ကို သေချာစေသည်။ ဖိုင် ၏သင်္ကေတ နှင့် ၎င်း ကို မည်သို့စစ်ဆေး ရမည်နည်း ဟူသော အချက် ကို ပို မိုလေ့လာချင်လျှင် https://wiki.torproject.org/noreply/TheOnionRouter/VerifyingSignatures တွင်ဖတ် ရှုနိုင်ပါသည်။  



(GnuPG software ကိုလည်း သင် download လုပ် နိုင် ပြီး Signature ကို  http://www.gnupg.org/download/index.en.html#auto-ref-2      နေရာတွင် စစ်ဆေးနိုင်သည်။)



အောက်တွင် ဖော်ပြထားသော ညွှန်ကြားချက်များသည် Tor Browser အား Microsoft Windows ပေါ်တွင် တပ်ဆင်ရန် အတွက် ဖြစ် သည် ။ အကယ်၍ သင်သည် အခြား operation system တစ်ခု ကို အသုံးပြုနေသည် ဆိုလျှင် torproject.org Web site တွင် download link များနှင့် ညွှန်ကြားချက်များ အတွက် သွားကြည့်နိုင် သည်။  



ဖိုင် တစ်ခု တည်း မှတပ်ဆင်ခြင်း  



       ၁.  သင်၏ Web Browser ထဲတွင် Tor Browser ၏ download URL ဖြစ်သည့် https://www.torproject.org/torbrowser/ ကို ရိုက်ထည့်ပါ။

 
tordl_1
      ၂.  Installation file ကို download လုပ်ရန် အတွက် ဘာသာစကားကို ရွေးပါ။

 

      ၃.  သင်ယခု download လုပ်ထားသော .EXE file ကို click နှစ်ချက် နှိပ်ပါ။ ‘7-Zip self-extracting archive’ ဆိုသော window တစ်ခုပေါ်လာလိမ့်မည်။  
    

   
extract Tor Browser
 

     ၄.   သင် ဖိုင်များကို extract လုပ်ချင်သော နေရာမှ folder ကို ရွေးပြီး ‘Extract’ ကို နှိပ်ပါ။

      သတိပြုရန် ။ Tor Browser ကို ကွန်ပျူတာအမျိုးမျိုး၌ သင်အသုံးပြု ချင်သည်ဆိုပါက USB key သို့မဟုတ် memory stick ပေါ်တွင် တိုက်ရိုက် ဖိုင်များကို extract လုပ်နိုင်သည်။  (ဥပမာ Internet cafe တွင် ရှိသော အများသုံး computer တစ်ခုပေါ်တွင်)

   

      ၅.  Extraction ပြီးသောအခါ folder အားဖွင့် ပြီး အကြောင်းအရာနှင့် အောက်တွင် ဖော်ပြထားသော ပုံကိုက်မကိုက်ကို စစ်ဆေးပါ။ု  
      

   the Tor browser folder after extraction

      ၆.  ရှင်းလင်းပြစ်ရန် သင်မူလက download လုပ်ထားသော .EXE file ကိုဖျက်ပြစ်လိုက်ပါ။



Split ဖိုင်များမှ တပ်ဆင်ခြင်း




      ၁.  သင်၏ Web browser ထဲတွင် (https://www.torproject.org/torbrowser/split.html) ဟူသော Tor Browser Bundle ၏ split version အတွက် URL ကိုရိုက်ထည့်ပါ။ ပြီးနောက် အောက်တွင် ဖော်ပြထားသော English စာမျက်နှာပုံစံအတိုင်း ရရှိရန် ဘာသာစကား Link ကို နှိပ်ပါ။
      Your browser may not support display of this image.

torsplitwww
      ၂.  Download လုပ်ရန် ဖိုင်တိုင်းကို နှိပ်ပါ (တစ်ခုသည် ‘.exe’ နှင့် အဆုံးသတ်ပြီး ကျန် ကိုးခုသည် ‘.rar’ ဖြင့် အဆုံးသတ်သည်။) တစ်ခုပြိးတစ်ခု နှိပ် ၍ ၎င်းတို့အားလုံးအား သင်၏ hard drive ထဲမှ folder တစ်ခုထဲတွင် သိမ်းထားပါ။



      ၃.  ပထမဦးဆုံး အပိုင်းကို နှစ်ခါနှိပ်ပါ။ (‘.exe’ ဖြင့် အဆုံးသတ်သော ဖိုင်) ထိုဖိုင်သည် ဖိုင်အားလုံးကို စုဝေးစေသည့် program တစ်ခုကို လုပ်ဆောင်စေသည်။

     
"Split" installer for Tor Browser Bundle

      ၄.  သင် ဖိုင်များကို တပ်ဆင်ချင်သော folder ကို ရွေးပါ။ ပြီးနောက် ‘Install’ ကို နှိပ်ပါ။ run နေသော အချိန်တွင် သူ၏ဖြစ်စဉ်ကို ပြသော message များကို program မှဖော်ပြပြီး နောက် ရပ်သွားပေမည်။

 

      ၅.  Extraction ပြီးသောအခါ folder အားဖွင့် ပြီး အကြောင်းအရာနှင့် အောက်တွင် ဖော်ပြထားသော ပုံကိုက်မကိုက်ကို စစ်ဆေးပါ။ု  
       
     
the Tor browser folder after extraction
      ၆.  ရှင်းလင်းပြစ်ရန် သင်မူလက download လုပ်ထားသော .EXE file ကိုဖျက်ပြစ်လိုက်ပါ။



Tor Browser အားအသုံးပြုခြင်း




မစတင်ခင်

   
    * Firefox ကိုပိတ်ပါ။ အကယ် ၍ Firefox အားသင့် ကွန်ပျူတာပေါ်တွင် တပ်ဆင်ထားသည်ဆိုပါက ၎င်းကို လက်ရှိမဖွင့် ထားမိစေရန် သတိပြုပါ။
    
    * Tor ကိုပိတ်ပါ။ အကယ် ၍ Tor အားသင့် ကွန်ပျူတာပေါ်တွင် တပ်ဆင်ထားသည်ဆိုပါက ၎င်းကို လက်ရှိမဖွင့် ထားမိစေရန် သတိပြုပါ။

 
Tor Browser ကို ဖွင့်ခြင်း

 
    * ‘Tor Browser’ folder ထဲတွင် ‘Start Tor Browser’ ကို နှစ်ချက်နှိပ်ပါ။ Tor control panel (“Vidalia”) ဖွင့် ပြီး Tor network သို့ Tor စတင် ချိတ်ဆက်ပြီဖြစ်သည်။

      Tor starting

ချိတ်ဆက်မှု တည်ဆောက်ပြီးသော အခါ Firefox သည် TorCheck စာမျက်နှာသို့ အလိုအလျောက်ချိတ်ဆက်ပြီး သင် Tor network သို့အမှန်တကယ် ချိတ်ဆက်ခြင်းရှိမရှိ သေချာအောင်ပြုလုပ်သည်။ ထိုသို့ပြုလုပ်ရန် သင်၏ Internet connection အရည်အသွေးပေါ်မူတည် ၍ အချိန်နည်းနည်း ကြာလိမ့်မည်။

Tor check with green onion
အကယ် ၍ သင် Tor network သို့ဆက်သွယ်နေပြီ ဆိုလျှင် အစိမ်းရောင်ကြက်သွန် icon လေးသင် ၏ screen ပေါ် ရှိ ညာဘက်အောက် ခြေထောင့် တွင် System Tray ထဲ ၌ ပေါ်လာပေလိမ့်မည်။

Tray bar button on
Tor Browser အားအသုံးပြု ၍ Web ကို browsing လုပ်ခြင်း



Web site အချို့ကို ကြည့် ၍ ၎င်းတို့ ပေါ်မပေါ်စောင့် ကြည့် ပါ။ သင် ၏ connection သည် လက်ဆင့်ကမ်းခြင်း အမျိုးမျိုးမှဖြတ်သန်းသွား ရသောကြောင့် ထို site များသည် နဂိုထက် ပိုမို နှေးကွေးစွာ ပေါ်လာလိမ့်မည်။



အကယ် ၍ အလုပ်မလုပ်ခဲ့ပါက


အကယ် ၍ Vidalia Control Panel ထဲမှ ကြက်သွန်လေး မစိမ်းလာပါက (သို့မဟုတ်) Firefox ပွင့်လာပြိး ‘Sorry. You are not using Tor’ ဟုဖော်ပြထားသော စာမျက်နှာ တစ်ခု ပေါ်လာပါက (အောက်တွင် ဖော်ပြထားသော ပုံအတိုင်း) သင်သည် Tor အားအသုံးပြုခြင်းမဟုတ်ပေ။


Tor check with red onion
သင် ထို message အားမြင်ပါက Firefox နှင့် Tor Browser အားပိတ်ပြီး အထက်တွင် ဖော်ပြထားသော အဆင့်များ အတိုင်းပြန်လုပ်ပါ။ အချိန်မရွေး ‘TorCheck at Xenobite’ ဟု အမည်တပ်ထားသော bookmark button ကို နှိပ်ခြင်းအားဖြင့် သင် Tor အားအသုံးပြုနေပါသည် ဟူသော ယင်းစစ်ဆေးခြင်းကို လုပ်ဆောင်နိုင်သည်။



အကယ် ၍ Firefox browser မပွင့် ခဲ့လျှင် browser ၏အခြားပုံစံတူ များ Tor Browser ကို ဝင်ရောက် စွက်ဖက်နိုင်သည်။ ထိုအချက်ကို ပြုပြင်ရန်ံ



      ၁.  Windows Task Manager ကို ဖွင့်ပါ။ သင်ယင်းကို မည်ကဲ့သို့ပြုလုပ် ရမည်ဆိုသည်မှာ သင်၏ကွန်ပျူတာ မည်သို့တပ်ဆင်ထားသည် အပေါ်မူတည်သည်။ System အများစုတွင် Task Bar ထဲ ၌ သင် right-click လုပ်နိုင်ပြီး ‘Task Manager’ ကို နှိပ်ပါ။

 

      ၂.  ‘Processes’ tab ကို နှိပ်ပါ။


      ၃.  ‘firefox.exe’ ဟူသော process တစ်ခုကို စာရင်းထဲတွင် ရှာပါ။

 

      ၄.  သင်တစ်ခု ကို ရှာဖွေ တွေ့ရှိမည် ဆိုလျှင် entry ကို ရွေး ၍ ‘End Process’ နှိပ်ပါ။

 

      ၅.  Tor Browser အားဖွင့် ရန် အထက်ပါ အဆင့်များ ကို ပြန်လုပ်ပါ။


နှစ်ခါ သို့မဟုတ် သုံးခါ ကြိုးစားသည့် တိုင်အောင် Tor Browser အလုပ်မလုပ် သေးဘူးဆို လျှင် သင် ၏ ISP ကြောင့် Tor ကို အစိတ်အပိုင်းတစ်ခု အဖြစ် ပိတ်ထားခြင်းခံ ရပြီး Tor ၏ bridge feature ကို သုံးရန် သင် ကြိုးစားသင့်သည်။



ရွေးချယ်စရာများ




တစ်ခြား Project နှစ် ခု ရှိပါသေးသည်။ (Bundle Tor နှင့် Browser တစ်ခု)

    * XeroBank, a bundle of Tor with Firefox (http://xerobank.com/xB_Browser.php)
    * XeroBank ၊ Firefox ဖြင့် Bundle of Tor တစ်ခု (http://xerobank.com/xB Browser.php)
    * OperaTor, a bundle of Tor with Opera (http://archetwist.com/en/opera/operator)
    * OperaTor ၊ Opera ဖြင့် Bundle of Tor တစ်ခု (http://archetwist.com/en/opera/operator)

READ & DOWNLOAD the manual in other languages >>

  • HOW TO BYPASS INTERNET CENSORSHIP by FLOSS Manuals Community Members

    Inform yourself on how Internet censorship works and how to route around it with free software. Includes an excellent overview of the techniques and tools for beginners and advanced users.
    Paperback book: €11.53,

    available on Lulu.com
  • HOW TO BYPASS INTERNET CENSORSHIP - supplement for proprietary software by Sesawe

    Paperback book: €5.05,

    available on Lulu.com