Tor ဆိုသည်မှာ proxy server များ၏ လွန်စွာရှုပ်ထွေးသိမ်မွေ့ သော ကွန်ရက်ဖြစ်သည်။ Website တစ်ခုအား ကြည့် ရှုရန်သင် TOR ကို အသုံးပြုနေချိန် တွင်သင်၏ဆက်သွယ်မှုများသည် Volunteer proxy များအမှီ အခိုကင်းမဲ့ သော ကွန်ယက်များကို အစီအစဉ်မကျစွာ ဖြတ်သန်းသွားသည်။Tor server များလက်ဆင်ကမ်းထုတ်လွှင့် မှု ကြားရှိ လမ်းကြောင်း များ အားလုံးကိုစာဝှက်ထားပြီးထို relay တစ်ခု စီ သည်၎င်းတို့ ၏ရှေ့ ကပ်လျက်နှင် နောက်ကပ်လျက် ပါသောအခြား relay နှစ်ခု၏ IP address ကို သာသိကြသည်။ ထိုသိုပြုလုပ်ခြင်းသည် အောက်ပါတို့ အတွက် ခက်ခဲ သွားစေသည်။
သင်၏ ISPသည် သင် မည်သည့် Website များ ကြည့်ချင် သည်(သို့) မည်သည့် သတင်း အချက်အလက် များ ပေးပို့နေသည်ကို သိရှိရန်ခက်ခဲသွားစေသည်။
သင်မည်သူဖြစ်ကြောင်း အနည်းဆုံးသင်၏ IPaddress ကို သင်ကြည်လိုသော website မှသိရှိရန်ခက်ခဲပေလိမ့်မည်။
အမှီအခို မရှိသော မည်သည့်relay မဆိုသင် မည်သူဖြစ်ကြောင်းနှင့် မည်သည့်နေရာသို့ သွားခြင်းကိုသိရှိရန်ခက်လိမ့်မည်။
Tor ကွန်ယက်ကို သုံးစွဲရန် မည့်သည့်  အရာများ လိုအပ်သနည်း။
Tor ကွန်ယက်မှ တစ်ဆင့် internet သို့ ဆက်သွယ်ခြင်း နှင့် ၎င်းကို အသုံးပြုကာ အမည်ဝှက်ခြင်း၊ ကျော်လွှားခြင်း တို့ ပြုလုပ်ရန် သင်၏ ကွန်ပျူတာ ပေါ် တွင် Tor client software တစ်ခု install လုပ်ရန် လိုအပ်သည်။ ( Memory Stick မှ (သို့ ) အခြားသော ပြင်ပကိရိယာများ မှထို program ၏ portable version ကိုအသုံးပြုလျှင်လဲဖြစ်နိုင်သည်။)
Torသည် Window version, Mac OSX နှင့် GNU/Linux အများစုနှင့် သဟဇာတ ဖြစ်သည်။
မည်သည့်softwareဖြင့် TOR ဟဇာတဖြစ်သနည်း
Tor သည် application များဖြင့် ချိတ်ဆက်ထား သော SOCKS (version4, 4a and 5) ကို အသုံးပြုသည်။ ထို့ကြောင့် SOCKS ကို ပံ့ပိုးသော မည်သည့် application ဆို Tor ကို အသုံးပြုကာအမည်ဝှက်နိုင်သည်။ ၄င်းတို့ ထဲတွင်အောက်ပါ အချက်များ ပါဝင်သည်။
-Web browser အများစု
-Instant messaging နှင့်  Irc client များ
-SSH client များနှင့်
-email client တို့ဖြစ်သည်။
ကောင်းကျိုးနှင့် ဆိုးကျိုးများ
Tor သည် သင်၏ ကိုယ်ပိုင်အချက်အလက် များနှင့် ကျော်လွှားခြင်းတို့ အတွက်အလွန် ထိရောက်စွာ အသုံးပြုနိုင် သည့်ကိရိယာ ဖြစ်သည်။Tor ၏အမည်ဝှက်ခြင်း သည် သင်၏ဆက်သွယ်ခြင်း အကြောင်းအရာများကို local network operator များမှ ကာကွယ်ပေးပြီး သင်မည်သူနှင့် ဆက်သွယ်နေသည် သို့ မဟုတ်မည်သည် website များ ကြည့်ရှုနေ သည်ကိုပါ ဖုံးကွယ်ပေးသည်။ စနစ်တကျ အသုံးပြုမည်ဆိုရင် Proxy တစ်ခုတည်း အသုံးပြုခြင်းထက် ပိုအားကောင်းသော အမည်ဝှက်ခြင်းကို ပေးစွမ်းနိုင်သည်။
- သို့ သော် Tor အားပိတ်ဆို့ နိုင်သည်။ Tor ဆုံမှတ် တော်တော်များများ အား public directory များထဲတွင် list လုပ်ထား သောကြောင့် Network operator များမှ ထို list များကို ရရှိရန် အလွန်လွယ်ကူ ပြီးဆုံမှတ်များ၏ IP address များကိုစိစစ် မည့် ထဲသို့ ထည့် လိုက်နိုင်သည်။ ထိုသို့ ပိတ်ဆို့ ခြင်းအား ရှောင်ကွင်းသွားရန် နည်းလမ်း တစ်ခုမှာTor bridges အမျိုးမျိုးကို အသုံးပြုခြင်းဖြစ်သည်။ ၄င်းကို လူသိများအောင် listလုပ်ခြင်းမရှိပဲ ကျော်လွှားရန် သက်သက်သာ ဖြစ်သည်။
-
Tor ဖြင့် အသုံးပြုထားသောအချို့ program များတွင် အမည်ဝှက်ခြင်း များကို အဆင်ပြေစေရန် လုပ်ဆောင် နိုင်သော်လဲ ထို Program များကိုပြဿနာ ဖြစ်စေနိုင်သော အချက်အလက်များရှိသည်။ -
ထိုနည်းတူစွာ သင်၏ဆက်သွယ်မှုများ ကိုကာကွယ်ရန် စာဝှက်ခြင်း အပိုများကို အသုံးမပြု လျှင် သင်၏ data များ
သည် Chain ထဲရှိ နောက်ဆုံးTor ဆုံမှတ်များ (exit node ဟုခေါ်သည်။) ထိုသို့ ရောက်သည်နှင် စာဝှက်ခြင်း များပေါ်သွားလိမ့်မည်။ ဆိုလိုသည်မှာ သင့် data များသည် နောက်ဆုံးTor ဆုံမှတ်များ ကိုပိုင်ဆိုင်သူနှင် ထိုဆုံမှတ် နှင့်သင်ကြည့် လိုသော Website ကြားရှိ ISP များအတွက် မြင်သာသွားစေရန် အလာအလားရှိသည်။
Tor ကိုတီတွင်သူများသည် သည် အကြောင်းအရာများနှင့် အခြား အန္တရာယ်များကို လွန်စွာစဉ်းစားခဲ့ ကြပြီး အောက်ပါ သတိပေးချက်(၃)ချက်ကိုထုတ်ပြန်ခဲ့ကြသည်။
- ၁။ သင်Torကို မှန်ကန်စွာ အသုံးမပြုခဲ့လျှင် ၄င်းကသင့်အား ကာကွယ်ပေးမည်မဟုတ်။ ဤနေရာ တွင် သတိပေးချက် စာရင်း များကိုဖတ်ပါ။ http://www.torproject.org/download.html.en#Waring. ပြီးနောက် သင်၏ platform အတွက် ညွှန်ကြား ချက်များ ကို သေသေချာချာ လိုက်နာပါ။ http://www.torproject.org/documentation.html.en#Runningtor
- ၂။ သင် Tor ကို သေချာစွာ စီမံကာ သုံးမည်ဆိုလျှင် တောင်မှ သင့်အား ကာကွယ်မည့် Tor ၏ စွမ်းရည်ကို ကန့်သတ်နိုင်သည့် Potential attack များရှိသေးသည်။ http://wilei.torproject.org/noreply/TheOnionRouter/TorFAQ#RemainingAttacks
- ၃။ ယခုအချိန်တွင် မည်သည့် anonymity မှပြီးပြည့်စုံမှုမရှိ ခြင်းနှင့် tor တွင်ခြွင်းချက်မရှိပေ။ သင်အမည်ဝှက်ခြင်းကို အမှန်တကယ် ပြင်းထန်စွာ လိုအပ်ပါက သင်သည်လက်ရှိ Torကွန်ယက်တစ်ခု တည်း ကို လုံးဝမှီိခို ရန်မဖြစ်နိုင်ပေ။

