ဤဆောင်းပါး၏ မူကွဲအားလုံး English | فارسى | русский | 中文 | English | Español | Tiếng Việt

VPN နှင့် Tunneling အကြောင်


VPN (virtual private network) နှင့် tunneling ဆိုသည်မှာ အခြားကွန်ပျူတာ နှင့် သင့် ကြားထဲရှိ data ဆက်သွယ်မှုများ ကို encrypt  ပြုလုပ် ပေးသည့် နည်းပညာဖြစ်သည်။ ထိုကွန်ပျူတာ သည် သင့် အဖွဲ့အစည်း၏ကွန်ပျူတာ၊ ယုံကြည်စိတ်ချရသောသူ သို့မဟုတ် စီးပွားဖြစ် VPN ဝန်ဆောင်မှု နှင့် ပတ်သတ်သော အရာဖြစ်ရမည်။ Tunneling သည် encrypt ပြုလုပ်ထားသော Protocol အတွင်းရှိ data စီးဆင်းမှုကို အတိုဆုံးနှင့် အရှင်းဆုံးဖော်ပြသည်။ Tunnel ကို ဖြတ်သွားသော အရာမှန်သမျှကို လမ်းတစ်လျှောက်ရှိ မည်သူမှ ဖတ်၍ မရအောက်ပြုလုပ်ပေးသည်။ VPN အား ကုမ္ပဏီ များမှ အမှားမခံနိုင်သော ငွေကြေးကိစ္စများ ဆောင်ရွက်ရန် သို့မဟုတ် ကုမ္ပဏီ ၏ computer systems ထဲသို့ အိမ် သို့မဟုတ် အခြားဝေးလံသော နေရာများ မှ အင်တာနက်ကို အသုံးပြု၍ ဝင်ရောက်ရန် လိုအပ်သော ဝန်ထမ်းများ အတွက် အသုံးပြုသည်။


VPN သို့မဟုတ် အခြားသော tunnels များကို အသုံးပြုခြင်းသည် သင်၏ သတင်းအချက်အလက်များ ကို သင် သို့မဟုတ် သင်ယုံကြည်ရသော သူများ မှ လွဲ၍ အခြားသူများ ဖတ်၍မရစေရန် encrypt ပြုလုပ်ခြင်းကို အကောင်းဆုံးဖြစ်စေသည်။ သင်၏ ဆက်သွယ်မှု လမ်းကြောင်းများ ကို ခိုးနားထောင် သူများ သို့မဟုတ် ထိုလမ်းကြောင်းများ ကို ပိတ်ဆို့နိုင်သည့် system မှ လမ်းကြောင်းတစ်ခုတည်း ဟု ထင်ယောင်ထင်မှား ဖြစ်စေရန် ပြုလုပ်နိုင်သည့် အကျိုးသက်ရောက်မှု လည်းပါရှိသည်။ နိုင်ငံတကာ ကုမ္ပဏီများ မှ VPN နည်းပညာကို အသုံးပြုနေသောကြောင့် ပိတ်ဆို့ခံရရန် အခွင့်အလမ်း နည်းပါးသည်။

ထိုနည်းပညာများ သည် သင်၏ ကွန်ပျူတာ မှ အင်တာနက်ပေါ်ရှိ အခြား ကွန်ပျူတာ တစ်ခုသို့ tunnel ပြုလုပ်ပေးသည်။ သင်၏ data များသည် ၎င်း tunnel ကို ဖြတ်၍ Web ပေါ်ရှိ သွားလိုသော နောက်ဆုံး နေရာသို့ ဖြတ်သန်းသွားနိုင်သည်။ Tunnel အတွင်းရှိ အပြည့်အဝ လုံခြုံစိတ်ချ ရခြင်းကို စကားဝှက်ပြုလုပ်ခြင်းဖြင့် ကာကွယ်ထားသည်။

vpn


အကယ်၍ tunnel သည် အင်တာနက် ပိတ်ဆို့ထားသော နေရာ၏ အပြင်ဘက်တွင် အဆုံသတ်သွားခဲ့ လျှင် စီစစ်ခြင်း server များ သည် စကားဝှက်ပြုလုပ်ထားသော data များကို သာမြင်နိုင်ပြီး tunnel အတွင်းတွင် မည်သည့် data များ ဖြတ်သန်းသွားသည် ကို မသိနိုင်သော ကြောင့် ဆင်ဆာကို ကျော်လွှားရန် ထိရောက်သော နည်လမ်းဖြစ်လာလိမ့်မည်။



သတိပြုရန် မှာ data များသည် tunnel ရှိသရွေ့သာ စကားဝှက်ဖြစ်နေ မည်ဖြစ်ပြီး ထို့နောက်တွင် မူလအတိုင်းသာ နောက်ဆုံးပန်းတိုင်သို့ ရောက်ရှိသွားမည်ဖြစ်သည်။ ဥပမာ သင်သည် စီးပွားဖြစ် VPN provider တစ်ဦးထံသို့ tunnel တစ်ခု ပြုလုပ်ပြီး new.bbc.co.uk ဆိုသည့် web page အား ၎င်း tunnel ကို ဖြတ်၍ ကြည့်မည်ဆိုပါစို့။ data များသည် သင် ၏ ကွန်ပျူတာ မှ အခြား တစ်ဖက်ရှိ ထို VPN provider ၏ ကွန်ပျူတာသို့ ရောက်သည် အထိ စကားဝှက်များဖြစ် နေလိမ့်မည်။ သို့သော် ထိုနေရာမှ BBC ၏ server သို့ ပုံမှန် အင်တာနက်လမ်းကြောင်းများ အတိုင်း စကားဝှက် မဖြစ်ဘဲ ရောက်ရှိ သွားလိမ့်မည်။ အဓိပ္ပာယ် မှာ VPN provider, BBC နှင့် ယင်း server နှစ်ခုကြားရှိ system ကို ထိန်းချုပ်သူမည်သူ မဆို theory အရ သင် တောင်းဆို လိုက်သော data များ ကို မြင်နိုင်မည်ဖြစ်သည်။


Tunneling ဆိုသည်မှာ


VPN connection နှင့် tunnel ကြားရှိ အဓိကကွာ ခြားချက်မှာ VPN system သည် သင့်ကွန်ပျူတာ မှ အင်တာနက်သို့ ရောက်ရှိမည့် data အားလုံးကို စကားဝှက်ပြုလုပ်ခြင်းဖြစ် ပြီး Tunnel သည် applications အချို့မှ လမ်းကြောင်းများ ကို ၎င်းတို့အသုံးပြုသော port number များပေါ်တွင် မူတည်၍လည်းကောင်း၊ သို့မဟုတ် application တစ်ခုချင်းစီတွင် မည်သည့် tunnel သုံးမည်ကို သင့်အား ရွေးချယ်ခိုင်းခြင်း ဖြင့်လည်းကောင်း စကားဝှက်ပြုလုပ်သည်။ VPN နှင့် မတူသည့် အချက်မှာ tunnel များသည် web browser ၊ email client သို့မဟုတ် Instant Messaging program ကဲ့သို့ စကားဝှက်ပြုလုပ်ထားသော tunnel များ အသုံးပြုရန်လိုသည့် application တစ်ခုစီကို အသုံးပြုမည့် tunnel နှင့် လိုက်ဖက်စေရန် ပြုပြင်မှုများ ပြုလုပ်ရန် လိုအပ်သည်။ application အချို့သည် tunnel အချို့ကို ဖြတ်သန်းခြင်းမပြုနိုင်ပေ။ ဥပမာ tunnel တော်တော်များများ နှင့် မကိုက်ညီသော UDP protocol ကို အသုံးပြုသည့် Voice over IP (VoIP) အများစု ဖြစ်သည်။ Opera web browser တွင်လည်း tunneling software များတွင် အသုံးများသည့် SOCKS proxies များ ကို အထောက် အကူပေး မည့် built-in များ မပါရှိပေ။ ထိုသို့သော ကိစ္စမျိုးတွင် Window အသုံးပြုသူများ အတွက် FreeCap application (http://www.freecap.ru/eng/) သို့မဟုတ် Linux အသုံးပြုသူများ အတွက် tsocks application (http://tsocks.sourceforge.net/) စသည့် အပို application များကို အသုံးပြုရန် လိုအပ်လိမ့်မည်။


Tunnel ကို ပြုလုပ်ပြီး application များကို ပြုပြင်ပြီး သည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် စကားဝှက် ပြုလုပ်ထားသော tunnel ကို ဖြတ်၍ သင်၏ တောင်းဆိုမှုများ ကို forward လုပ်ပြီး ရှင်းလင်းစွာ ပြန်လည် ဖြေကြားသည့် tunneling software ရှိသော ကွန်ပျူတာ ထံသို့ သွားလိမ့်မည်။ အင်တာနက် ပိတ်ဆို့ခြင်းမရှိဘဲ အဆက်အသွယ်ရှိသော နိုင်ငံများတွင် ကိုယ်ပိုင် tunnel များ ပြုလုပ်နိုင်ချိန်တွင် အဆက်အသွယ်မရှိသော နိုင်ငံများတွင်တော့ တစ်လလျှင် လစဉ်ကြေး အမေရိကန် ၅ဒေါ်လာပေး ၍ ဝယ်ယူသုံးစွဲနိုင်သည်။ (credit card နှင့် ငွေချေရန်လိုအပ်သည်။)

အခမဲ့ သုံးစွဲနိုင်သော tunneling ဝန်ဆောင်မှုများကို လည်းရရှိနိုင်သည်။ အခမဲ့ဝန်ဆောင်မှုကို အသုံးပြုသူများ သည် ထိုဝန်ဆောင်မှုများတွင် ကြော်ငြာများပါဝင်သည် ကို သတိပြုရမည်။ ထိုကြော်ငြာများသည် စကားဝှက်မပြုလုပ်ထားသော plain text HTTP requests များကို ဖြတ်၍လာတတ်သည်။ ၎င်းတို့အား ကြားဖြတ်သူ တစ်ဦးဦးမှ အချိန်မရွေးကြားဝင်ကာ သင် tunneling service အသုံးပြုနေသည် ကို ဖော်ထုတ်သွားလိမ့်မည်။ ထို့အပြင် tunneling service တော်တော် များများ သည် domain name request များ ယိုစိမ့်နိုင်သော SOCKS proxies များပေါ်တွင် မှီခိုကြသည်။ အခမဲ့ဝန်ဆောင်မှု(နှေး၏) လည်းပေးသော စီးပွားဖြစ် tunneling system များကို အောက်တွင်ဖော်ပြလိုက်သည်:  

    * http://www.http-tunnel.com/  
    * http://www.hopster.com/  
    * http://www.htthost.com/


VPN ဆိုသည်မှာ



Tunnels များနှင့်မတူသော အချက်မှာ VPN system သည် စကားဝှက်ပြုလုပ်ထားသော network ကို ဖြတ်၍ Voice over IP (VoIP) နှင့် SOCKS အတွက် အထောက်အကူပြု built-in မပါသော application များမှ ဆက်သွယ်မှုများ အပါအ၀င် data အားလုံးကို ပို့ဆောက်ခြင်းဖြစ်သည်။ VPN များသည် တည်ဆောက်ပြီးလျှင် Tunnel များထက် ပို၍နားလည်ရန် လွယ်ကူသော်လည်း tunneling applications တော်တော်များများထက် တည်ဆောက်ရန် ခက်ခဲသည်။


VPN network တည်ဆောက်ရန် IPSec, SSL/TLS နှင့် PPTP တို့အပါအ၀င် ရှုပ်ထွေးမှု၊ လုံခြုံမှု နှင့် မည်သည့် operating system နှင့် ကိုက်ညီသည် ပေါ် မူတည်၍ အဆင့် အမျိုးမျိုးရှိသည်။ သာမန်အားဖြင့် တော့ အဆင့်တစ်ခုချင်းစီတွင် မတူညီသော ဖြည့်စွက်ချက် အမြောက်အများ ပါရှိသည်။

    * PTTP သည် IPSec သို့မဟုတ် SSL/TLS တို့ထက် စကားဝှက်ပြုလုပ်ရာ တွင် အားနည်းသော်လည်း အင်တာနက်ပိတ်ဆို့ခြင်းကို ကျော်ဖြတ်ရာတွင် အလွန်အသုံးဝင်သည်။ ၎င်း software သည် Microsoft Window များနှင့် လည်း အဆင်ပြေသည်။
  
    * SSL/TLS အခြေပြု VPN စနစ်များသည် ပြုလုပ်ရန် အလွန်လွယ်ကူပြီး အလွန်စိတ်ချ ရသော လုံခြုံမှုကို ပေးသည်။
 
    * အခြား စနစ်များ application level တွင်သာ အလုပ်လုပ်ချိန်တွင်  IPSec သည် အင်တာနက် ပေါ်တွင် အလုပ်လုပ်ပြီး packet transfer များကို လုပ်ဆောင်ပေးသည်။ ထိုအရာသည် IPsec အား ပို၍အဆင်ပြေစေပြီး higher level protocols များ ကို ကာကွယ်ရာတွင် အဆင်ပြေစေသည်။ SSL/TLS သို့မဟုတ် အခြား higher-layer protocol function များကို application တစ်ခုအတွက် အသုံးပြုရန် built in ပြုလုပ်ရန်လိုအပ်ချိန်တွင် IPSec ကို အသုံးပြု ရန် application များမှ အထွေအထူးလုပ်ဆောင် ရန်မလိုပေ။



VPN များကို ကုမ္ပဏီများ နှင့် အဖွဲ့အစည်းများမှ အင်တာနက်ပေါ်တွင် လုံခြုံစိတ်ချရသော ကိုယ်ပိုင်ဆက်သွယ်မှုများ ပြုလုပ်ရန် အများဆုံးအသုံးပြုသည်။ ၎င်းတို့၏ ကျော်ကြားမှုကြောင့် VPN များကို အခကြေးငွေဖြင့်ဝယ်ယူအသုံး ပြုနိုင်သော နေရာအများအပြားရှိနေပြီဖြစ်သည်။ ထိုသို့ဝယ်ယူသုံးစွဲလျှင် သင်သည် ၎င်း service ၏ပိုင်ရှင် ကို တော့ ယုံကြည်ရန်လိုအပ်သည်။ ၎င်းသည် သင့်အား တစ်လလျှင် ၅ အမေရိကန်ဒေါ်လာ မှ ၁၀ အမေရိကန်ဒေါ်လာ အတွင်းကျသင့်ပြီး အင်တာနက်ပိတ်ဆို့ခြင်း ကို ကျော်လွှားနိုင်မည့် ရိုးရှင်းပြီး အဆင်ပြေစေမည့်နည်းလမ်းကို ပေးလိမ့်မည်။ အောက်တွင် စီးပွားဖြစ် VPN provider များကို ရှာဖွေနိုင်သည့် link ကို ပေးလိုက်သည်။

http://en.cship.org/wiki/VPN.  



Commercial VPN ၀န်ဆောင်မှုများကို အသုံးမပြုဘဲ အခြားနည်းလမ်းတစ်ခုမှာ အင်တာနက် ပိတ်ဆို့ခြင်းမရှိသော နေရာများတွင်နေထိုင် သူများ သည် အထက်ပါ list ထဲမှ software များကို download လုပ်ပြီး install လုပ်ကာ ကိုယ်ပိုင် VPN ကို တည်ထောင်နိုင်သည်။ ထိုသို့ပြုလုပ်ရန် နည်းပညာနှင့် ပတ်သတ်သော ဗဟုသုတ များစွာရှိရမည်ဖြစ်သော်လည်း အခမဲ့သုံးစွဲခွင့်ရ လိမ့်မည်။ ထိုသို့ကိုယ်ပိုင် တည်ဆောက်ခြင်းသည် အချိန်ကြာမြင့်စွာ တည်ရှိပြီးဖြစ်သော commercial service များထက် ပိတ်ဆို့ခံရမှု နည်းတတ်သည်။ ကိုယ်ပိုင် VPN ကို တည်ထောင်ရန် ကျယ်ပြန့်စွာ အသုံးပြု သော အခမဲ့ ၀န်ဆောင်မှုများထဲမှ တစ်ခုမှာ OpenVPN (http://openvpn.net/)ဖြစ်သည်။ ၎င်းကို Linux, MacOS Windows နှင့် အခြား operating systems တော်တော်များပေါ်တွင် အသုံးပြု နိုင်သည်။

ကောင်းကျိုးများ


Tunneling application များနှင့် VPN များသည် သင်၏ data အပြောင့်အရွှေ့ အတွက် စကားဝှက်ပြုလုပ်ပေးသည်။ ၎င်းတို့သည် web traffic တစ်ခုတည်းမဟုတ်ဘဲ function အမျိုမျိုးအတွက် လုံခြုံစိတ်ချရသော proxy များကို အသုံးပြုနိုင်စွမ်းရှိသည်။ ထို့ကြောင့် ၎င်းသည် အင်တာနက် ဆင်ဆာ ကို ကျော်လွှားရန် အလုံခြုံဆုံး နည်းလမ်းဖြစ် ပြီး အသုံးပြုရန်လည်းလွယ်ကူသည်။

Tunneling application များနှင့် VPN များသည် web traffic ထက်ပိုသော အရာများအတွက် လုံခြုံသော ဆင်ဆာကျော်လွှားမှုများ ကို လိုအပ်၍ အင်တာနက်ကို အသုံးပြု၍ software များ install လုပ်ရန်လိုအပ်သည့် နည်းပညာကျွမ်းကျင်သူများ နှင့် အလွန်လိုက်ဖက်သည်။ Commercial tunneling ၀န်ဆောင်မှုများသည် အင်တာနက်ဆင်ဆာရှိသော နေရာများတွင် နေထိုင်သူများ အတွက် အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးဖြစ်သည်။ VPN နည်းပညာ သည် ပိတ်ဆို့ခြင်းမခံရနိုင်သော စီးပွားရေးသုံး software တစ်ခုဖြစ်သည်။

အကုန်မဟုတ်ဘဲ အချို့သော commercial tunnel နှင့် VPN ၀န်ဆောင်မှုများသည် သာမန်အားဖြင့် ကိုယ်ပိုင်တည်ထောင် ထားသူအချို့မရရှိနိုင်သော အမည်ဝှက်ခြင်းကို ကြော်ငြာလေ့ရှိသည်။ အကယ်၍ ထို commercial VPN သို့မဟုတ် tunnel operator ကို ယုံကြည်ရသည်ဆိုလျှင် ထိုအမည်ဝှက်ခြင်းသည် အသုံးဝင်ပေလိမ့်မည်။


ဆိုးကျိုးများနှင့် အန္တရာယ်များ




Commercial tunneling နှင့် commercial VPN များသည် လူသိများပြီး ပိတ်ဆို့ခံရပြီးဖြစ်နိုင်သည်။ အင်တာနက်ဆိုင်နှင့် စာကြည့်တိုက်ကဲ့သို့ software များ install လုပ်၍မရသော အများပြည်သူ သုံးနေရာ များ တွင် အသုံးပြု၍ မရပေ။ Tunneling applications များနှင့် အထူသဖြင့် VPN ကို သုံးစွဲသူများ သည် အခြားဆင်ဆာ ကျော်လွှားခြင်းနည်လမ်းများကို အသုံးပြုခြင်းထက် ပို၍ နည်းပညာ များကို ကျွမ်းကျင်ရမည်။

Network operator မှ VPN အသုံးပြုနေခြင်းကို ဖော်ထုတ်နိုင်ပြီး VPN provider ကိုပါ ဖော်ထုတ်နိုင်သည်။ VPN ကို မှန်ကန်စွာ တည်ဆောက်ထားလျှင် Network operator တစ်ယောက်သည် VPN ကို ဖြတ်၍ ဆက်သွယ်ခြင်းများကို မြင်နိုင်မည် မဟုတ်ပေ။

VPN သို့မဟုတ် tunnel operator(proxy operator) တစ်ယောက်မှ သင်၏ဆက်သွယ်မှုများကို မမြင်တွေ့စေရန် အပိုစကားဝှက်များကို ပြုလုပ်ထားရမည်။ မပြုလုပ်ထားလျှင် သင်သည် ထို VPN သို့မဟုတ် tunnel operator ကို လုံးဝယုံကြည်ရန်လိုအပ်သည်။

READ & DOWNLOAD the manual in other languages >>

  • HOW TO BYPASS INTERNET CENSORSHIP by FLOSS Manuals Community Members

    Inform yourself on how Internet censorship works and how to route around it with free software. Includes an excellent overview of the techniques and tools for beginners and advanced users.
    Paperback book: €11.53,

    available on Lulu.com
  • HOW TO BYPASS INTERNET CENSORSHIP - supplement for proprietary software by Sesawe

    Paperback book: €5.05,

    available on Lulu.com