ဤဆောင်းပါး၏ မူကွဲအားလုံး English | فارسى | русский | 中文 | عربي | Español

Web Proxy ၏ ဆိုးက်ိဳးမ်ား

Web proxy များနှင့်ပတ်သတ်သော ဆိုးကျိုးများ အထူးသဖြင့် သင်မသိသော အဖွဲ့အစည်း၊ လူများမှ ထိန်းချုပ် သော ဆိုးကျိုးများ ကို သတိထားသင့်သည်။ အကယ်၍ သင်သည် npr.org ကဲ့သို့ အများသုံး website တစ်ခုအား proxy အသုံးပြု၍ ကြည့်ရှုနေသည်ဆိုလျှင် proxy အသုံးပြု ၍ ထိုနေရာတွင် သတင်းဖတ်ရှုနေကြောင်း တစ်ယောက်ယောက် သိသွားမှုာကိုသာ စိုးရိမ်စရာ ရှိသည်။ သို့သော် သီးသန့်ဆက်သွယ်ခြင်းများ သို့မဟုတ် အီးမေးလ်၊ အွန်လိုင်းဘဏ်စနစ်၊ အွန်လိုင်းတွင်ဈေးဝယ်ခြင်း များကို proxy အသုံးပြုလျှင် သင်၏ သတင်းများ၊ စာဝှက်(password) တို့ကို အခြားသူများမှ အလွဲသုံးစားပြုလုပ်နိုင်သည်။ အထူးသဖြင့် encryption မသုံးသောကြောင့်အန္တရာယ်ရှိပေသည်။

လုံခြုံမှုမရှိခြင်း

စီစစ်ခြင်း၊ပိတ်ဆို့ခြင်း တို့အားကျော်လွှားသော စနစ်များသည် ၎င်းတို့၏ အမည်ထဲတွင် “anonymizer”  အမည်ဝှက်ထားနိုင်သူဟု ပါရှိရင်တောင်မှ အမည်ဝှက်ထားနိုင်မှုကို သေချာပေါက် မပေးနိုင်ပေ။  အကယ်၍ သင်နှင့် Web proxy ကြားရှိ ဆက်သွယ်မှုအား encrypt မပြုလုပ်ထားလျှင် ထိုproxy အားလည်ပတ်စေသူ သို့မဟုတ် Internet Service Provider (ISP) ကဲ့သို့ ကြားခံလူများမှ ကြားဖြတ်ခိုးယူခြင်း၊ အကြောင်းအရာအား စစ်ဆေးခြင်းတို့ကို ပြုလုပ်နိုင်သည်။ ထိုသို့သော ကိစ္စမျိုးတွင် ကျော်လွှားခြင်း အောင်မြင်သော်လည်းသင် web proxy အသုံးပြုသွားကြောင်းနှင့် သင်ကြည့်ရှုသွားသော website ၏ အကြောင်းတို့ကို ခြေရာခံမိနိုင် သည်။

သင်၏ဆက်သွယ်မှုအားencrypt မပြုလုပ်သော web proxy သည် အင်တာနက်ပိတ်ဆို့ခြင်း အားကျော်လွှားရန် တစ်ခါတစ်ရံတွင် အခြားနည်းလမ်များကို အသုံးပြုသည်။ ဥပမာအားဖြင့် ROT-13 ဟုခေါ်သော နည်းပညာရိုးရိုလေးတစ်ခုအား လေ့လာကြည့်ကြပါစို့။ website လိပ်စာတစ်လုံးခြင်းကို ၎င်းတို့မှစ၍ ရေတွက်လျှင် ဆယ်သုံးလုံးမြောက် အက္ခရာ နှင့် အစားထိုးခြင်းနည်းလမ်းဖြစ်သည်။ http://www.rot13.com တွင်ကိုယ်တိုင်လေ့လာနိုင်သည်။ http://ice.citizenlab.org သည် ROT-13 ကိုအသုံးပြုလိုက်လျှင် uggc://vpr.pvgvmranyo.bet ဖြစ်လာသည်။ စကားလုံးစစ်စက်များ မျက်စိလည်ရန် ပြုလုပ်ခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် သင်ကြည့်ရှုခြင်သော web ကို ရောက်ရှိ ရန် ကူညီနိုင်သော်လည်း အားနည်းချက်များရှိနေသေးသည်။ ကြည့်ရှုသွားသော အကြောင်းအရာကို စုံစမ်းနိုင်သကဲ့သို့ အမည်ပြောင်းထားခြင်းကိုလည်း လွယ်ကူစွာဖော်ထုတ်နိုင်သည်။

spy_1

ကြော်ငြာများ၊ Virus များနှင့် ကွန်ပျူတာဖျက်စီးသည့်ပရိုဂရမ်များ

Proxy တည်ထောင်သူများမှ ပိုက်ဆံရန် ထိုအရာများကို ပြုလုပ်ကြသည်။ ရိုးရှင်းစွာပြုလုပ်ထားပြီး စာမျက်နှာများပေါ်တွင် ကြောငြာများ ထည့်ခြင်းဖြင့် ပွင့်ပွင့်လင်းလင်း လုပ်ဆောင်ကြသည်။ တစ်ချို့သော proxy operator များသည် သူတို့၏ proxy အသုံးပြုသူများ၏ ကွန်ပျူတာများကို  ကွန်ပျူတာဖျက်စီးသည့် ကိရိယာများ သို့မဟုတ် software များဖြင့် ဖျက်စီးကြသည်။ “drive-by-download” များဖြင့် သင်၏ကွန်ပျူတာကို ကြောငြာ မေးလ်များ ပို့ခြင်း သို့မဟုတ် ဥပဒေနှင့် မညီသော ကိစ္စများ လုပ်ဆောင်ရန်ပါ ခိုင်းစေနိုင်သည်။

Virus များ၏ရန်မှကာကွယ်ရန် သင်လုပ်ဆောင်ရမည့် အရေးအကြီးဆုံး အချက်ကတော့ operating system အပါအဝင် software များကို အမြဲတမ်း update လုပ်နေရန်နှင့် ခေတ်မှီသော antivirus scanner ကို အသုံးပြုရန်ဖြစ်သည်။ Firefox Browser တွင် ကြော်ငြာများပါဝင်နေ ခြင်းကို AdBlockPlus အားအသုံးပြု၍ တားမြစ်နိုင်သည် (http://www.adblockplus.org/)။ ထိုအန္တရာယ်များမှ ကာကွယ်ရန် နောက်ထပ်အချက်အလက် များကို (http://www.stopbadware.org/) တွင်ဖတ်ရှုနိုင်သည်။

Atunnel.com သည် ကြော်ငြာများ ရောင်းချခြင်းဖြင့် free service ကို အထောက်အကူပြုသည်။ ကြော်ငြာများ ပါဝင်သော proxy server များထဲမှ နမူနာ တစ်ခုဖြစ်သည်။

atunnelimage

Cookies များနှင့် scripts များ


Cookies များနှင့် scripts များအသုံးပြုခြင်းနှင့် ပတ်သတ်၍ ဆိုးကျိုးများရှိသည်။ Web proxy တော်တော်များများ သည် cookies များနှင့် scripts များကို ဖယ်ရှားနိုင်သော်လည်း facebook ကဲ့သို့လူမှုရေး website များအတွက်မူ cookies များနှင့် scripts များ လိုအပ်ပေသည်။ သင်၏ ကွန်ပျူတာ အား Restart လုပ်ပြီးရင် တောင် သင့် ကွန်ပျူတာ ပေါ်တွင် cookies များကို သိမ်းဆည်းထားနိုင်သောကြောင့် ထို options များကို အသုံးပြုရာတွင် သတိထားသင့်သည်။ ထိုသို့ သိမ်းဆည်းထားခြင့်းကြောင့် သင် ကြည့်ရှုခဲ့သော website များကို ခြေရာခံမိနိုင်သည်။ လုပ်နိုင်တာ တစ်ခုကတော့ cookies များကို ရွေးချယ်အသုံးပြုစေခြင်းဖြစ်သည်။ ဥပမာ Firefox3 တွင် cookies များကို သင်၏ browser ပိတ်ချိန် အထိ လက်ခံရန် ညွှန်ကြားနိုင်သည်။ (ထိုနည်းတူစွာ သင်ကြည့်ခဲ့သမျှကို သင်၏ browser ပိတ်ချိန်တွင် ဖျက်ပစ်ရန် ညွှန်ကြားနိုင်သည်။)

တစ်ချို site များနှင့် ကြော်ငြာရှင်များသည် သင် proxy အသုံးပြုနေရင်တောင် ထို cookies များနှင့် script များကို အသုံးပြုခြင်းဖြင့် သင့်အားခြေရာခံနိုင်သည်။ သင်သည်အမည်ဝှက်၍ အသုံးပြုရန် ကြိုးစားနေ သူဆိုလျှင် ထိုခြေရာခံမှုများမှ အထောက်အထားများ ကျန်ရစ်နိုင်သောကြောင့် ပြဿနာဖြစ်နိုင်သည်။ သင်၏ အမည်ဝှက်ခြင်းမှာအရာမရောက်ပဲ ပေါ်ပေါ်ထင်ထင် သုံးနေသကဲ့သို့ ဖြစ်သွားလိမ့်မည်။

Proxy Operator သည်အားလုံးကိုမြင်နိုင်သည်။


Web proxy  အသုံးပြု ၍ ကျော်လွှားသည့်တိုင် proxy ပိုင်ရှင်မှ စကားဝှက်များ ကို ဖြည်ပြီးလျှင် ထိုအကြောင်းအရာများကို ဖတ်နိုင် သည်။ နောက် တစ်ခုကတော့ proxy ပိုင်ရှင်မှ မှတ်တမ်း file များ သိမ်းဆည်း ထားနိုင် ခြင်းဖြစ်သည်။ မည်သည့်နေရာမှကျော်လွှားနေခြင်း သို့မဟုတ် ကျော်လွှားသည့်နေရာ၏ server များပေါ်မူတည် ၍ ထို မှတ်တမ်း file များကို တာဝန်ရှိသူများမှ ဖတ်ရှုနိုင် သည်။

READ & DOWNLOAD the manual in other languages >>

  • HOW TO BYPASS INTERNET CENSORSHIP by FLOSS Manuals Community Members

    Inform yourself on how Internet censorship works and how to route around it with free software. Includes an excellent overview of the techniques and tools for beginners and advanced users.
    Paperback book: €11.53,

    available on Lulu.com
  • HOW TO BYPASS INTERNET CENSORSHIP - supplement for proprietary software by Sesawe

    Paperback book: €5.05,

    available on Lulu.com