အင်တာနက်စီစစ်ခြင်း ဆိုသည်မှာ အင်တာနက် အသုံးပြုသူအား အကြောင်းအရာ၊ ဝန်ဆောင်မှုတစ်ခုခု ကိုကြည့်ရှုရယူခြင်း မှပိတ်ပင်တားမြစ် သော နည်းပညာ အစုတစ်ခုဖြစ်သည်။ ကွန်ယက်ထိန်းချုပ်သူ များသည် လိုသလိုထိန်းချုပ်နိုင်စွမ်း၊ တိကျမှုအဆင့်ဆင့် မျိုးပါဝင်သော နည်းပညာများစွာဖြင့် ကွန်ယက်အတွင်း မည်သည့်နေရာကိုမဆို ပိတ်ပင်စေနိုင်သည်။ သာမန်အားဖြင့် အင်တာနက်စီစစ်ခြင်းတွင် software ကိုအသုံးပြု၍ အင်တာနက် အသုံးပြုသူ ဘာလုပ်နေသည်ကို ကြည့်ရန်နှင့် ကွန်ယက်ထိန်းချုပ်သူ မှ မူဝါဒအရ ပိတ်ပင်ထားသည်ဟုယူဆသော လုပ်ဆောင်ချက်များကို ရွေးချယ်နှောင့်ယှက်ရန် တို့ပါဝင်သည်။ စီစစ်သူ သို့မဟုတ် စီစစ်စက်ကို အစိုးရ သို့မဟုတ် ပြည်တွင်းဒေသအတွင်း အင်တာနက်ဖြန့်ဝေသူမှ ဖန်တီးလေ့ရှိသည်။ အောက်တွင် သင်သတိထားရမည့်စီစစ်ခြင်း (၄) မျိုးကိုဖော်ပြလိုက်သည်။
URL Filtering
ဝက်ဘ်စာမျက်နှာ အား စီစစ်ခြင်း နိုင်ငံများ နှင့် သီးခြားရပ်တည်သောဒေသများ အတွက်သတင်းအချက်အလက် ရယူခြင်းမှ ပိတ်ဆို့သော နည်းလမ်းတစ်ခုမှာ ဝက်ဘ်ဆိုက်ဒ်၏ အမည်ကိုပိတ်ဆို့ခြင်းဖြစ်သည်။ နာမည်တစ်ခုလုံးဖြစ်စေ ၎င်း၏အစိတ်အပိုင်းကိုဖြစ်စေ ပိတ်ဆို့ခြင်းဖြစ်သည်။ တခါတရံတွင် အင်တာနက်ဆင်ဆာ အဖွဲ့သည် Web domain အချို. အားအပြီးအပိုင်ပိတ်ဆို့လိုက်ခြင်းမျိုးရှိသည်။ အဘယ်ကြောင့်ဆိုသော် ထိုdomain များထဲတွင် ပါဝင်သည့်အကြောင်းအရာများကို ကန့်ကွက်သောကြောင့်ဖြစ်သည်။ ထို domain များကို နာမည် ဖြင့်ဖြစ်စေ IP number ဖြင့်ဖြစ်စေ ပိတ်ဆို့နိုင်သည်။ တခါတရံ အာဏာပိုင်များသည် domain တစ်ခုရှိ ပိတ်ချင်သော subdomains လေးများကိုသာ ပိတ်ဆို့ပြီး ကျန်domain တစ်ခုလုံး ကိုဖွင့်ပေးထားသည် အထိစီစီစစ်စစ် ရှိကြသည်။ ဥပမာ bbc.co.uk နှင့် www.bbc.co.uk ကိုလွှတ်ပေးထားချိန် တွင် subdomain ဖြစ်သော news.bbc.co.uk ကိုပိတ်ထာလိမ့်မည်။ ထိုနည်းတူစွာပင်အကြောင်းအရာ တစ်ခုကို ပိတ်ဆို့ချင်သော်လည်း ထိုအကြောင်းအရာအား လက်ခံဖော်ပြထားသော domain ကိုမူကြည့်ရှုခွင့်ပေးထားတတ်သည်။ နောက်နည်းလမ်းတစ်ခုကတော့ လမ်းညွှန်နာမည်အားပိတ်ပင်ခြင်း ဥပမာ BBC နိုင်ငံခြားဘာသာ သတင်းကဏ္ဍအား အင်္ဂလိပ်ဘာသာ သတင်းကဏ္ဍ အားထိခိုက်မှုမရှိဘဲ ပိတ်ဆို့ရန် bbc.co.uk/worldservice ရှိ “worldservice” အားပိတ်ဆို့ခြင်းဖြစ်သည်။ တချို. Website များကိုနာမည်များ၊ ရိုင်းစိုင်းသော၊ မနှစ်လိုဖွယ်ကောင်းသော အကြောင်းအရာများကို မေးမြန်းရှာဖွေခြင်းကြောင့်ပိတ်ဆို့နိုင်သည်။
Domain Name စနစ်အား စီစစ်ခြင်း
လူအများအင်တာနက်ကိုအသုံးပြု၍ ဆက်သွယ်ကြသောအခါ။ IP address များကို ရိုက်ထည့်ခြင်းထက် ဝက်ဘ်ဆိုက်ဒ်၏ အမည် ဥပမာ somewebsite.com ကိုသာရိုက်လေ့ရှိကြသည်။ သို့သော်လည်း ကွန်ပျူတာများသည် အင်တာနက်ပေါ်တွင် ဆက်သွယ်သောအခါ လမ်းညွှန်မှုအတိုင်း သွားလာရန် numeric address ကိန်းဂဏန်းလိပ်စာ တစ်ခုလိုအပ်သည်။ သင် domain name တစ်ခုအား ဝက်ဘ် browser ထဲတွင် ရိုက်ထည့်လိုက်သောအခါ ပထမဦးဆုံး ဝက်ဘ် browser ပြုလုပ်ခြင်းသည် domain name ကိုရှာဖွေရန်နှင့် သက်ဆိုင်သော IP address ကိုရရှိရန် DNS (Domain Name System) သို့ numeric address တစ်ခုတောင်းခံခြင်းဖြစ်သည်။
အကယ်၍ DNS server သည် အသုံးပြုခွင့်ကိုပိတ်ပင်ရန် ပုံဖော် ထားသည်ဆိုလျှင် ၎င်းသည် ပိတ်ပင်ခံထားရသော domain name များ၏အမည်ပျက်စာရင်း blacklist ကိုပြုစုထားလိမ့်မည်။ Browser တစ်ခုကထို domain name များထဲမှတစ်ခုကိုတောင်းလာပြီဆိုလျှင် ယင်း DNS server သည် အဖြေအကွဲများ သို့မဟုတ် လုံးဝမဖြေဘဲနေလိမ့်မည်။
IP address မရှိဘဲနှင့် ထိုတောင်းဆိုသော computer သည် ရှေ့ဆက်ရန် မဖြစ်နိုင်ဘဲ Error ပြနေလိမ့်မည်။ Browser သည် ဝက်ဘ်ဆိုက်ဒ် ၏ IP address ကိုမရရှိသောကြောင့် လိုအပ်သော ဝက်ဘ် စာမျက်နှာ သို့မရောက်ရှိနိုင်တော့ပေ။ နောက်ဆုံး ရလဒ်ကတော့ domain name အောက်တွင် ဝက်ဘ်စာမျက်နှာများကို ပတ်ခြင်းဖြစ်သည်။ DNS စီစစ်ခြင်းကို ကျော်လွှားရန်အခြားနည်းလမ်းများမှာ -
• အခြား domain name တစ်ခုဖြင့် အခြား website တစ်ခုမှဖတ်လိုသော အကြောင်းအရာကို ရယူခြင်း
• IP address အားအခြား DNS server တစ်ခုမှရယူခြင်း ၊ ထိုလုပ်ဆောင်ချက်ကို domain တစ်ခုအတွက် သို့မဟုတ် အခမဲ့ DNS server ကိုအမြဲတမ်း အသုံးပြုခြင်း သို့မဟုတ် သင်၏ကိုယ်ပိုင် DNS server ကိုအသုံးပြု၍ လုပ်ဆောင်နိုင်သည်။
• Numeric address အားအခြားနေရာမှရယူခြင်း
• ပိတ်ဆို့ခြင်းမခံရသော ဝက်ဘ်ဆိုက်ဒ် မှတဆင့် စုံစမ်းရှာဖွေခြင်း ဥပမာ - Web proxy သို့မဟုတ် search engine များ၏ဆင့်ပွား သတင်းစာမျက်နှာများ
IP အားစစ်ထုတ်ခြင်း
အချက်အလက်များကို အင်တာနက်မှတဆင့် ပို့လွှတ်သောအခါ ၎င်းတို့ကို အစိတ်အပိုင်းခွဲ၍ ထုပ်ပိုးလိုက်သည်။ ထိုအထုပ်ထဲတွင် ပို့ပြီးသား သတင်းအချက်အလက်များနှင့် မည်သို့ပို့ရမည် ဟူသောသတင်းအချက်များ ဥပမာ ကွန်ပျူတာတစ်ခုမှ လာသော IP address နှင့် ၎င်းသွားသင့်သော နေရာများပါဝင်သည်။ Routers ဆိုသည်မှာ ထို packet လေးများပို့သူထံမှ လက်ခံရရှိသူထံသွား ရာလမ်းတစ်လျှောက် မည်သည့်နေရာသို့ဆက်သွားရမည် ကိုသိရှိရန်ဖြတ်သန်းသွား ရသော ကွန်ပျူတာ တစ်မျိုးဖြစ်သည်။ အကယ်၍ ဆင်ဆာသည် အသုံးပြုသူအား server တစ်ခုမှ ပိတ်ပင်ချင်သည်ဆိုလျှင် Router များကို blacklist တွင်ရှိသော IP address ရယူရန်လာသော data များအား ဆက်လက်မပို့လွှတ်ရန် သို့မဟုတ် အသုံးပြုသူများအား error ပြစေရန် ထိန်းချုပ်နိုင်သည်။ IP address တစ်ခုထဲကိုမူတည်ပြီး စီစစ်ခြင်းသည် server တစ်ခု၏ ဝန်ဆောင်မှုအားလုံးကို ပိတ်ပင်သည်။ ဥပမာ ဝက်ဘ်ဆိုက်ဒ် နှင့် အီးမေးလ် နှစ်မျိုး လုံးကိုပိတ်ပင်ခြင်း ။ IP address ကိုစစ်ဆေးနေခြင်းကြောင့် ထို IP address ကိုအသုံးပြုနေသော ဝက်ဘ်ဆိုက်ဒ် တစ်ခုထဲပိတ်ပင်ခံရပြီ ဆိုလျှင်တောင်မှ အားလုံးအပိတ်ခံ IP စီစစ်ခြင်းအားကျော်လွှားရန် ကြည့်လိုသောအကြောင်းအရာ ကိုတခြားနေရာ သို့မဟုတ် အပိတ်မခံရသော site များမှကြည့်ရှုနိုင်သည်။
Port Blocking
Port များသည် အဆောက်အအုံတစ်ခုအတွင်း ရှိနံပါတ်တပ်ထားသော တံခါးများ ကဲ့သို့ပင်ဖြစ်သည်။ တစ်ခုခြင်းစီသည် မတူညီသော အခန်းများသို့ခေါ်ဆောင်သွားသည်။ ကွန်ပျူတာများပေါ်တွင်လည်း Port များကို နံပါတ်ပေးထားသည်။ လူသိများသော standard port number မှာ ၀ မှ ၁၀၂၄ ထိဖြစ်ပြီး တချို.မှာ ၆၅၅၃၅ အထိရှိနိုင်သည်။ Port နံပါတ်တစ်ခုစီသည် server တွင်ဖြစ်စေ PC တွင်ဖြစ်စေ ဝန်ဆောင်မှုတစ်ခုစီပေးသည်။ ဥပမာ ဝက်ဘ်ဆိုက်ဒ် များကြည့်ရှုခြင်း နှင့် အီးမေးလ် ပို့ခြင်း။ ကွန်ပျူတာတစ်ခုမှ အခြားကွန်ပျူတာတစ်ခုပေါ်တွင် ဝန်ဆောင်မှုတစ်မျိုးတောင်းဆိုသောအခါ ထိုတောင်းဆိုမှုအတွက် တိကျသော Port Number လိုအပ်ပေသည်။ သီးသန့် Port number တစ်ခု အသုံးပြုထားသော လိုအပ်ချက်များအတွက် ကွန်ပျူတာသည် listen ဟူသော ဝန်ဆောင်မှုကိုပေးသည်။ Port number တစ်ခုချင်းအား နာမည်ပျက်စာရင်း blacklist လုပ်ခြင်း သည် server အပေါ်ရှိဝန်ဆောင်မှုတစ်ခု စီကို တားမြစ်လိုက်ရာရောက်သည်။ ဥပမာ ဝက်ဘ် နှင့် အီးမေးလ်။ အင်တာနက်ပေါ်ရှိ ဝန်ဆောင်မှုတော်တော်များများတွင်ကိုယ်ပိုင် ထူးခြားသည့် port numbers များရှိသည်။ ဝန်ဆောင်မှုများနှင့် port number များကြားရှိဆက်သွယ်မှုကို IANA မှချမှတ်သည်။ သို့သောမဖြစ်မနေ စည်းကမ်းအရ လုပ်ဆောင်ရခြင်းမျိုးမဟုတ်ပေ။ ထိုချမှတ်မှုများသည် router များကို ချမှတ်ထားပြီးသော ဝန်ဆောင်မှုများကိုခန့်မှန်းနိုင်စေသည်။ ထို့ကြောင့် Site တစ်ခု၏ လမ်းကြောင်းကိုပိတ်ပင်ရန် ဆင်ဆာ သည် port ၈၀ ကို သာပိတ်ပင်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထို port သည် ဝက်ဘ် ဆက်သွယ်ရေးအတွက် ကိုသာအသုံးပြုထားသောကြောင့်ဖြစ်သည်။ စံချိန်မှီသော ဝန်ဆောင်မှုကို ပေးရန် စံချိန်မမှီသော port များအား Port ပိတ်ဆို့ခြင်းများကိုကျော်လွှားရန် တိုက်ရိုက်အကျဆုံးသောနည်းလမ်း အဖြစ်အသုံးပြုနိုင်သည်။ ထိုစံချိန်မမှီသော port များကိုအသုံးပြုရန် အတွက် Web browser နှင့် အီးမေးလ် အသုံးပြုသူများ အား ပုံဖော်ပေးစေရန်အလို့ ဌာ အသုံးပြုသူသည် ယင်းနည်းစနစ်များအကြောင်းဗဟုသုတ ရှိရန်လိုအပ်သည်။ သိလိုသည့်တူညီသောအကြောင်းအရာများ သို့မဟုတ် စုပေါင်းလုပ်ဆောင်သော အခြား server ပေါ်ရှိ ဆင်တူရိုးမှား ဝန်ဆောင်မှုများ ၏ တခြားနည်းလမ်း သို့မဟုတ် ပိတ်ဆို့ခြင်းမရှိသောနေရာများမှတဆင့် ပိတ်ပင်ထားသော server များအား ကြည့်ရှုခြင်း
ဖြစ်ပွားရခြင်းရင်းမြစ်
ဆင်ဆာနည်းလမ်းများသည် အထက်တွင်ဖော်ပြထားသော အင်တာနက်အစိတ်အပိုင်းအသီးသီး ၏ လုပ်ဆောင်မှုများပေါ်တွင်မူတည် သည်။သင်သည် သင်၏ နေရာတွင် မည်သည့် နည်းလမ်းနှင့် ကိုက်သည် ကို သိရှိနားလည် ရန်လိုအပ်သည်။ ပိတ်ပင်ထားသော နေရာ ၏ ပြင်ပတွင် ပိတ်ဆို့ခြင်းမရှိသော server အား သင်ဖန်တီးချင်သည် ဆိုလျှင် အသေးစိတ်အချက်အလက်များပိုမိုလိုအပ်ပေ လိမ့်မည်။

