အင်တာနက်အား ပိတ်ဆို့ခြင်း၊ စီစစ်ခြင်း၊ စောင့်ကြည့်ခြင်းများ မှ ကျော်လွှားနိုင်ရန် အသုံးပြုသော အထောက်အကူပြု ကိရိယာများကို အတားအဆီး အမျိုးမျိုး ခြိမ်းခြောက်မှုများနျင့် ရင်ဆိုင်နိုင်ရန် အတွက် ပြုလုပ်ထားသည်။ ထိုကိရိယာများသည် သတင်းအချက်အလက်များ နှင့်လူများအတွက် အခွင့်အလမ်းများ ကို တိုးတက်စေနိုင်ရုံ သာမက ထိုအခွင့်အလမ်းများနှင့် ပတ်သတ်သော စွန့်စားမှုများကို လျော့ချ ပေးနိုင်သည်။ကိရိယာအမျိုးမျိုးသည် အောက်ပါ အချက်များကို လွယ်ကူစေနိုင်သည်။
- ဆင်ဆာကိုကျော်လွှားခြင်း -အချက်အလက်များကို ဖတ်ရှုခြင်း၊ ပြုစုခြင်း သို့မဟုတ် ယင်းတို့ နျင့်သက်ဆိုင်သော သတင်းအချက်အလက်များ အားပေးပို့ခြင်း၊ လက်ခံရယူခြင်း၊ လူတစ်ဦး တစ်ယောက်၊ အင်တာနက် စာမျက်နှာများ သို့မဟုတ် အင်တာနက်ဝန်ဆောင်မှု များနျင့် သင်ဆက်သွယ်နေခြင်း အား တားမြစ်ရန် ကြိုးစားခြင်းများကို ရှောင်ကွင်းခြင်းဖြစ်သည်။ဥပမာ – မူလ အင်တာနက်စာမျက်နှာမှ သတင်းအချက်အလက်များကို ကြည့်မည့် အစာွးသသါူန မှ သတင်းအ ချက်အလက်များ (Really Simple Syndication) ခေါ် ဆင့်ပွားထားသော အင်တာနက်စာမျက်နှာများ မှဖတ်ရှုခြင်းဖြစ်သည်။
- သတင်းခိုးယူနားထောင်ခြင်း အား ကာကွယ်ခြင်း - အဆက်အသွယ်ပြုမှု များ ကိုသီးသန့်ထား ရှိရန် ဖြစ်သည်၊ သို့မှသာ မည်သူ တစ်ဦးတစ်ယောက်မှ သင်မည်သူ နှင့်ဆက်သွယ်နေသည် ကို မမြင်ရ မကြားရ မည်ဖြစ်သည်။(သို့သော်လည်း သင်ဆက်သွယ်သည့်သူကို သိရှိနိုင် နေသေးသည်။) သတင်းခိုးယူ နားထောင်ခြင်းကို ကာကွယ်မှုမရှိဘဲ ဆင်ဆာကို ကျော်လွှားရန် ကြိုးစားသော ကိရိယာများသည် ဆက်သွယ်မှုထဲတွင် ပါဝင်သည့် တားမြစ်ထားသော စကားလုံးများ အား စာကားလုံးစစ်စက် များနျင့် စစ်ထုတ်လိုက်ခြင်းဖြင့် ဆင်ဆာအားခုခံနိုင်မှု အားနည်း လျက်ရှိနေသေးသည်။ ဥပမာ့ အအဈယှံ ကဲ့သို့သော လှို.၀ှက်စာ တို့ကြောင့် သတင်း အချက်အလက် သည် ပေးပို့သူ လက်ခံသူမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်မျှ ဖတ်နိုင် တော့မည် မဟုတ်ပေ။
- မည်မသိအောင်ပြုလုပ်ခြင်း - လှို.၀ှက်ဆက်သွယ်နိုင်သော အရည်အချင်းတစ်ခုဖြစ်သည်။ ထို့ကြောင့် သင့်ထံမှ သတင်းအချက်အလက် သို့မဟုတ် သင်နှင့်ဆက်သွယ် နေသည့်သူများ သင်၏အင်တာနက်အဆက်အသွယ်များ သင့်အင်တာနက်ဆက်သွယ်မှု ကိုလည်ပတ်စေသူများ ကိုပါ မည်သူမျှခြေရာကောက်နိုင်ခြင်းမရှိတော့ပေ။ ဥပမာ –အမည်မသိစာပြန်ပို့သူများ နှင့်တချို့ Proxy ၀န်ဆောင်မှုများ (Tor ကဲ့သို့သော အမည်မသိ ကြိုတင်သတိပေးချက်များဖြစ်ပေါ်ခြင်း) သည် ဤ၀န်ဆောင်မှုကို ထောက်ပံ့ပေးလျက်ရှိသည်။
- သင့်လုပ်ဆောင်ချက်များအားဖုံးကွယ်ထားခြင်း - သင်ပို့လွှတ်လိုက်သော အဆက်အသွယ်ကို လမ်းလွှဲလိုက်ခြင်းဖြင့် သင့်အားစောင့်ကြည့်နေသော တစ်စုံတစ်ယောက်သည် သင် ဆင်ဆာကို ကျော်လွှားနေသည်ဟုမပြောနိုင်တော့ပေ။ ဥပမျာအနါညေသါမစေ့ပ ဟုခေါ်သော သာမန်ာတ်ပုံဖိုင် များထဲတွင် သတင်းများဖွက်ရေးသည့် ပညာရပ်သည် ဆင်ဆာအား ကျော်လွှားသည့်ကိရိယာ များကို သင် အသုံးပြုနေသည်ကို လုံးဝ ဖုံးကွယ်ထားနိုင်သည်။
တချို့ကိရိယာများသည် သင်၏ ဆက်သွယ်မှုများအား အထက်ပါ အချက်များထဲမှာပါဝင်သော အချက်တစ်ခုဖြင့် သာ ကာကွယ်ပေးနိုင်သည်။ ဥပမာ မြောက်များလှစွာသော စမသထပ များသည် ဆင်ဆာအား ကျော်လွှားနိုင်သော်လည်း ခိုးယူနားထောင်ခြင်းအား မကာကွယ်နိုင်ပေ။ထိုစမသထပ များသည် ပိတ်ပင်ထားသော ႊၽနဘ်ငအန် မ်ားအား ကြည့်ရန် ကူညီနိုင်သော်လည်း သင်မည်သည့်အရာများ ဖတ်ရှုနေသည်ကို စောင့်ကြည့်သော သူတစ်ယောက်ယောက်ကိုမူမကာကွယ်နိုင်ပေ။ သင်အလိုရှိသော ပန်းတိုင်ကိုရောက်ရှိရန် အထောက်အကူပြုပစ္စည်းများကို ပေါင်းစပ်သုံးစွဲရန် လိုအပ်ကြောင်းကို နားလည်ရန်အလွန်အရေးကြီးပေသည်။ ထိုကာကွယ်မှု တစ်ခုစီသည်နေရာအမျိုးမျိုးတွင်ရှိသောလူအမျိုးမျိုးအတွက်အဆင်ပြေစေသည်။ Internet ဆင်ဆာအား ကျော်လွှားရန်အထောက်အကူပြုပစ္စည်းများက ရွေးချယ်သော အခါသင်သည်မည်သို့သောကာကွယ်မှုမျိုးကိုလိုအပ်သည်နှင့်သင်အသုံးပြုနေသောပစ္စည်းများသည်သင့်လိုအပ်ချက်များကိုပေးနိုင်မပေးနိုင်ကို သိရန်လိုအပ်ပေသည်။ ဥပမှာုညအနမညနအ ဆင်ဆာအား ကျော်လွှားရန် သင် ကြိုးစားနေခြင်းကို တစ်စုံတစ်ယောက် က ရှာဖွေတွေ့ရှိသွားလျှင် ဘာတွေဖြစ်လာမလဲ၊ သင်မည်သည့်အရာများကို ဖတ်ရှုနေခြင်း၊ ရေးသားနေခြင်းကိုဖုံးကွယ်ထားရန် သင့်အတွက်တကယ်အရေးကြီးပါသလား ၊ သို့မဟုတ် သင်သည် အင်တာနက်ဝန်ဆောင်မှုတစ်ခု၊ စာမျက်နှာတစ်ခုကိုပဲကြည့်ရှုလေ့လာနေခြင်းလား ၊ တစ်ခါတစ်ရံတွင် ပစည်းတစ်ခုသည် ဆင်ဆာအား ကျော်လွှားရန်နှင့် အမည်ဝှက်ထားမှု တို့အတွက် အသုံးပြုနိုင်သည်။ သို့သော် တစ်ခုချင်းစီ၏ လုပ်ဆောင်ချက်များမှာ မတူညီနိုင်ပေ။ ဥပမာ Tor Software ကို ထိုရည်ရွယ်ချက်နှစ်မျိုးလုံး အတွက်အသုံးပြုကြသည်။ သို့သော် ထို ရည်ရွယ်ချက် နှစ်မျိုးထဲမှ တစ်မျိုးအတွက် သာ အထူးအာရုံစိုက်သူများသည် ယင်း Software အား တစ်နည်းတစ်ဖုံ အသုံးပြုကြသည်။
အထူးသတိပြုရန်
အင်တာနက်ဆင်ဆာ ကျော်လွှားသောပစ္စည်းအများစု ကိုအင်တာနက်ကွန်ယက် အားလည်ပတ်စေသူ သို့မဟုတ် အစိုးရအဖွဲ့အစည်းများ မှ အားစိုက်ထုတ်၍ စုံစမ်းခြင်းဖြင့်ခြေရာခံမိနိုင်သည်။ ယင်းတို့ ထုတ်လွှတ်သော လမ်းကြောင်းများသည် သိသာထင်ရှားသော ကြောင့်ဖြစ်သည်။ စကားဝှက်အသုံးပြုခြင်း မရှိသော ဆင်ဆာကျော်လွှားမှုများအတွက် ခြေရာခံမိရန် လုံးဝသေချာပေသည်။ သို့သော် အသုံးပြုသော ကျော်လွှားမှုများကိုလည်း ခြေရာခံမိနိုင်သေးသည်။ သင်သည် နည်းပညာကို အသုံးပြု၍ အင်တာနက် စီစစ်မှု အား ကျော်လွှားရန် ပြုလုပ်နေခြင်းကို ကွယ်ဝှက်ထားရန် အလွန်ပင်ခက်ခဲလှသည်။ အထူးသဖြင့်သင်သည် သိပ်နာမည် မကြီးသော နည်းပညာနှင့် ထိုနည်းပညာကိုပဲ အချိန်ကြာမြင့်စွာ အသုံးပြုလျှင် ပို၍ခက်ခဲသည်။ နည်းပညာနှင့် မပတ်သတ်ဘဲ သင်၏လုပ်ဆောင်ချက်များကို တွေ့ရှိနိုင်သော နည်းလမ်းများလည်း ရှိသေးသည်။ လူများမှ တစ်ဆင့်စုံစမ်းခြင်း၊ စောင့်ကြပ်ခြင်း သို့မဟုတ် လူတို့၏လုပ်ရိုးလုပ်စဉ် သတင်းအချက်အလက်စုဆောင်းနည်းများမှ ဖြစ်သည်။
FLOSS ၏လုပ်ထုံးလုပ်နည်း များသည် အထက်ပါခြိမ်းခြောက်မှုများ၏ လေ့လာစမ်းသပ်ချက်များ အပေါ်တွင် အကြံဥာ် သို့မဟုတ် ယင်းတို့အား ကျော်လွှားရန် မည်သည့် ကိရိယာအသုံးပြုရမည်ကို လည်းမရည်ညွှန်းနိုင်ပေ။ ထိုပြဿနာများသည် အမြဲတမ်းပြောင်လဲနေသည့်အပြင် တစ်ကြိမ်နှင့်တစ်ကြိမ် ဖြစ်ပွားပုံချင်းလည်း မတူညီနိုင်ပေ။ သင်၏လုပ်ဆောင်ချက်များက တားမြစ်ရန် ကြိုးပမ်းချက်များ၊ ကြိုးပမ်းသူများသည် သူတိုလုပ်ဆောင်ချက်များကို အစဉ်အမြဲတိုးတက်အောင် လုပ်ဆောင်နေကြောင်းကို အမြဲမျှော်လင့်ထားသင့်သည်။
သင်ရှိနေသောနေရာ အတွင်း သင့်အား အန္တရယ်ရောက်စေနိုင်သော အပြုအမူများကို သင်လုပ်ဆောင်နေသည် ဆိုလျှင်သင်၏လုံခြုံရေးအတွက် ကိုယ်ပိုင်လုပ်ဆောင်ချက်မျုားကို ပြုလုပ်သင့်သည်။ ဖြစ်နိုင်လျှင် ကျွမ်းကျင်သူများနျင့် အောက်ပါအချက်များ ကိုတိုင်ပင်သင့်သည်။
• အကယ်၍သင်သည် သူစိမ်းတစ်ယောက် အား ယုံကြည်ရန် လိုအပ်သည့် နည်းလမ်းအား ရွေးချယ်ခဲ့လျှင်သင်ရွေးချယ်သောသူသည် အမှန်တကယ် စိတ်ချယုံကြည်ရသူ ဖြစ်ရန် သေချာဖို့ဂရုစိုက်ပါ။
• အမည်လှို့ဝှက်ထား ခြင်း နှင့်လုံခြုံရေးတို့အတွက်အမျိုးမျိုးသော နည်းစနစ်များမှ ပေးထားသော ကတိများသည်အမြဲတမ်းမမှန်ကန်နိုင်ပေ။ထိုနည်းစနစ်များနှင့်ပတ်သတ်သည့် တခြားအထောက်အထားများကို ရှာကြည့်ပါ။ •
အမည်လှို့ဝှက်ထားခြင်းနှင့်လုံခြုံရေးတို့ကိုရရှိရန်သင်သည်လုံခြုံရေးနည်းစနစ်အဆင့်ဆင့်နှင့်လေ့ကျင့်မှုများကို စနစ်တကျလိုက်နာကျင့်သုံးရန်လိုအပ်သည်။ ထိုနည်းစနစ်များကိုလစ်လျူရှုခြင်းသည် သင်ရရှိနေသောလုံခြုံရေးအားတဖြည်းဖြည်းလျော့နည်းသွားစေနိုင်သည်။
• လူပုဂ္ဂိုလ်များ ၊အစိုးရအဖွဲ့အစည်းများ သည်သင့်အားထင်ယောင်ထင်မှားဖြစ်အောင်လုပ်၍ ထောင်ချောက်ဆင်နိုင်သည်ကိုသတိပြုသင့်သည်။ လုံခြုံစိတ်ချရသည် ဟု ထင်ရသော်လည်း တကယ်တမ်းတွင် ဘာမှမသိသော အသုံးပြုသူများ မှဆက်သွယ်မှုများကွျှိုနဘျငအန အတုများ ပြုလုပ်၍ရယူနေခြင်းဖြစ်သည်။
• နည်းပညာနှင့် မပတ်သတ်သော ခြိမ်းခြောက်မှုများကိုလည်းသတိပြုရမည်။ အကယ်၍များ သင်၏ သို့မဟုတ် သင့်သူငယ်ချင်း၏ ကွန်ပျူတာ သို့မဟုတ် မိုဘိုင်းဖုန်းများ အခိုးခံရလျှင် ဘာတွေဖြစ်လာမည်နည်း။ အင်တာနက်ကဖေး ဆိုင်ဝန်ထမ်းမှ သင်၏ လုပ်ဆောင်ချက်များကို သင်မသိအောင်ကြည့်နေလျှင်ကော၊ သင့်သူငယ်ချင်း တစ်ယောက်ယောက်မှ သင့်ထံစာပို့ ၍ သူ၏အီးမေးလ်အကောင့်ကို ပိတ်ရန် မေ့သွားသော ကွန်ပျူတာတွင် အခြားလူတစ်ယောက် ထိုင်မိခဲ့သော်၊
• သင်အသုံးပြုနေသောပစ္စည်းများ၊ သင်၏ လုပ်ဆောင်ချက်များကို တားမြစ်သော ဥပဒေ စည်းမျဉ်းစည်းကမ်းများ ရှိခဲ့သော် နောက်ဆက်တွဲပြဿနာများကိုသတိပြုသင့်သည်။
ဒီဂျစ်တယ်လုံခြုံရေး နှင့် မိမိ၏ သီးသန့်လွတ်လပ်ခွင့် အကြောင်းကို ပိုမို လေ့လာချင်လျင် အောက်ပါစာမျက်နှာများ တွင် ဖတ်ရှုနိုင်သည်။
http://www.frontlinedefenders.org/manual/en/esecman/intro.html http://security.ngoinabox.org/html/en/index.html

