ဤဆောင်းပါး၏ မူကွဲအားလုံး English | فارسى | русский | 中文 | عربي | Tiếng Việt

အင္တာနက္အလုပ္လုပ္ပံု

အင်တာနက်ဆိုသည်မှာ တစ်ကမ္ဘာလုံးအနှံ့ဖြန့်ကျက်ထားသော ကွန်ပျူတာကွန်ရက်များဖြစ်သည် ။လူအများစုမှ ‘Internet’ နှင့် web ဟူသောစကားရပ်နှစ်ခုအား အပြန်အလှန် အသုံးပြုနေကြသော်လည်း အင်တာနက်ဆိုသည်မှာ နည်းလမ်းတစ်ခုခုဖြင့် အပြင်တွင် အမှန်တကယ်ကွန်ပျူတာများအားချိတ်ဆက်ထား ခြင်းဖြစ်သည်။ Web ဆိုသည်မှာတော့ Internet အားအသုံးပြုသော မြောက်များလှစွာဆက်သွယ်သောနည်းများထဲမှ တစ်ခုဖြစ်သည်။ Internet အား အီးမေးပို့ခြင်း အချက်အလက်များဝေမျှခြင်း သတင်းများကြည့်ရှုခြင်းနှင့် စကားပြောခြင်း တိုအတွက်လည်း အသုံးပြုနိုင်သည်။

အင်တာနက်သို့ချိတ်ဆက်ခြင်း

အင်တာနက်အသုံးပြုရန် အလွယ်ကူဆုံး နည်းလမ်းများကတော့ အနီးအနားရှိ အင်တာနက် ကဖေးဆိုင်မှာ သို့မဟုတ် အင်တာနက်ရရှိနိုင်သော ဆက်သွယ်ရေးရုံး တစ်ခုခုကို ရှာဖွေခြင်းဖြစ်သည်။ သင်၏ကိုယ်ပိုင် ကွန်ပျူတာနှင့် အင်တာနက် ချိတ်ဆက်ဖို့လိုအပ်လျှင် Internet Service Provider (ISP)ဟုခေါ်သော အင်တာနက် ၀န်ဆောင်မှုပေးသည့် နေရာတွင် အကောင့်တစ်ခု ဖွင့်ရပေလိမ့်မည်။ ထို ISP နှင့်ဆက်သွယ်ခြင်း အဆင်ပြေစရန် Modem (သို့) Router ကဲ့သို့သော အပို ပစ္စည်းများကိုတော့ လိုအပ်ပေလိမ့်မည် ။

အကယ်၍ ထိုအင်တာနက် ၀န်ဆောင်မှု ပေးသော ISP သည် တစ်နိုင်ငံလုံးအား ဖြန့်ချိသော အခြေစိုက်ရုံ မဟုတ်ပါက ယင်းကိုယ်တိုင် သည်လည်း သူ၏ အင်တာနက်အား ထိုအခြေစိုက်ရုံးမှ ၀ယ်ယူသုံးစွဲ နိုင်ပေသည်။ထိုနည်းတူစွာ အခြေစိုက်ရုံးများ သည်လည်း သူတို့ထက် ပိုမိုကြီးမားသော နိုင်ငံတကာသို့ အင်တာနက် ၀န်ဆောင်မှုပေးသည့် နိုင်ငံတကာ ကုမ္ပဏီကြီးများ (backbone) မှ ၀ယ်ယူသုံးစွဲရသည်။ ထိုကုမ္ပဏီကြီး (backbone) များသည် အင်တာနက်အား အဓိက လည်ပတ်စေမည့် အရေးကြီး သည့် လမ်းကြောင်းများကို ထိန်းချုပ်သော အထိုင်စက်များကို လည်ပတ်စေလျက် ရှိသည်။

သင်အင်တာနက်ကို ဆက်သွယ်သောအခါ သင်၏ ကွန်ပျူတာသည် အစက်လေးများဖြင့် ခြားထားသော 0 မှ 255 အတွင်းရှိ ဂဏန်းလေးတွဲဖြင့် သတ်မှတ်ပေးပါလိမ့်မည်။ IP address ဟုခေါ်သည်။ စာပို့သင်္ကေတများကဲ့သို့ပင် ၄င်းတို့သည် အင်တာနက်ပေါ်ရှိ ကွန်ပျူတာ တစ်ခုချင်းစီ၏ IP address များမှာမတူညီပေ။ သင်၏ အင်တာနက် ၀န်ဆောင်ပေးမှု ပေးသူအပေါ်တွင် မူတည်၍ သင် အင်တာနက်သို့ ဆက်သွယ်ချိန်တိုင်းတွင် ရရှိသည့်IP address လဲပြောင်းလဲ နေလိမ့်မည်။ Website တိုင်းတွင်လည်း IP address ရှိကြသည်။ ဥပမာ www.frontlinedefenders.org ၏ IP address မှာ 217.173.101.253 ဖြစ်သည်။

အင်တာနက် website တစ်ခုကိုဖွင့်ခြင်း

သာမန်အားဖြင့် Website တစ်ခုကိုဖွင့်လိုသည့် အခါမျိုးတွင်ထို website ၏ အမည်ကိုသာ ရိုက်လေ့ရှိပြီး၊ Ip address ကိုမူ မည်သူမျှရိုက်လေ့မရှိကြပေ။ ဥပမာ Frontline ဆိုသော Website ကို ကြည့်ရှုရန်သင်သည် 217.173.101.253 ကို ရိုက်မည့်အစား http://www.frontlinedefenders.org ကိုသာရိုက်ပေလိမ့်မည်။ Website များ၏ အမည်ကို domain (သို့မဟုတ်) domain name ခေါ်လေ့ရှိသည်။

သင်သည် domain name ကို Internet Explorer, Mozilla Firefox ကဲ့သို့သော Browser ထဲတွင် ရိုက်ပြီးသောအခါ သင်၏ ကွန်ပျူတာသည် Domain Name System (DNS) ဟုခေါ်သောစနစ်သို့သတင်းပို့သည်။ ထိုစနစ်တွင်IP address သို့ပြောင်းပေးသော အင်တာနက်ပေါ်တွင်ရှိသော ကွန်ပျူတာများပါဝင်သည်။ DNS စနစ်ကြောင့် ရှုပ်ထွေးသော ဂဏန်းများကို သင်မှတ်ရသည့်အစားwebsite ၏ နာမည်ကိုသာ မှတ်မိရန်လိုအပ်ခြင်းကို ဆိုလိုသည်။ ထို DNS စနစ်သည် website ၏ အမည်ကို Ip address သို့ပြောင်းလဲပေးပြီးနောက် သတင်းအချက်အလက်များကို သင်၏ ကွန်ပျူတာသို့ ဝေမျှပေးသည်။

ယခုအခါ သင်၏ ကွန်ပျူတာက Ip address ကို အသုံးပြု၍ website များကို ကြည့်ရှုနိုင်ပြီဖြစ်သည်။ သင်၏ ကွန်ပျူတာမှ သင်သွားလိုသော website သို့ လမ်းကြောင်းတစ်ခု ရှာဖွေတွေ့ရှိရမည်။ ဤလမ်းကြေင်းသည် မိုင်ပေါင်းထောင်ချီ၍ တိုင်းပြည်များ သမုဒ္ဒရာများ၊ နယ်ပယ်များနှင့် ကွန်ပျူတာများကို ဖြတ်သန်းလာကောင်း လာနိုင်သည်။ သန်းပေါင်းများစွာသော website များရှိနေသည့်ကြားမှ ထိုလမ်းကြောင်းသည် မည်သည့်လမ်းမှ သွားရမည်ကို မည်ကဲ့သို့သိရှိသနည်း။ သင်၏ သတင်းပို့ချက်များကို website ဆီသို့ ဦးတည်စေသည့် လုပ်ဆောင်ချက်ကို အင်တာနက်လမ်းကြောင်း ထိန်းချုပ်သည့် ကိရိယာ router များမှ လုပ်ဆောင်ပြီး ထို လုပ်ဆောင်ချက်ကို လမ်းကြောင်းပေးခြင်း (routing) ဟုခေါ်သည်။

ကျွန်ုပ်တို့၏ယခုရည်ရွယ်ချက်အတွက်တော့ router များအားမည်ကဲ့သို့ လုပ်ဆောင်ရမည်ဟု ညွှန်ကြားချက်ပေးခြင်းနှင့် ဆင်ဆာအတွက်အထောက်အကူပြုပစ္စည်း တစ်ခုတို့အတွက် အသုံးပြုနိုင်ခြင်းသည်အသုံးမဝင်ပေ။ မည်သည့် router မဆို website များအား ပိတ်ဆို့ခြင်း၊ ပြန်လည်လမ်းညွှန်ခြင်းနှင့် မှတ်သားထားခြင်း တို့အား ဆောင်ရွက်နိုင်သည်။

net

Web စာမျက်နှာ တစ်ခုအားဖွင့်သောအခါ ဖြစ်ပေါ်လေ့ရှိသည့် ဥပမာများ -

http://globalvoicesonline.org/ ကို ရိုက်ထည့်လိုက်သည်။ ထိုအခါသင့် ကွန်ပျူတာသည် ထို website ၏နာမည်အား DNS စနစ်သို့ ပို့လွှတ်လိုက်သည်။ ထို DNS စနစ်မှ Global Voices Web Site၏ IP address ပါဝင်သော အချက်အလက်အားပြန်လည် ပို့လွှတ်ပေးလိမ့်မည်။

    ထို့နောက် အသုံးပြုနေသော browser သည် ယင်း website သို့ ဆက်သွယ်ရန်လုပ်ဆောင်လိမ့်မည်။
    ထိုလုပ်ဆောင်ချက်သည် လိုအပ်သော websiteရှိသော ကွန်ပျူတာ ဆီသို့ ရောက်သည့်အထိ router ပေါင်းမြောက်မြားစွာကို ဖြတ်သန်းသွားလိမ့်မည်။
    ထိုကွန်ပျူတာမှသင့်ဆီသို့ website လိပ်စာအပြည့်အစုံပေးပို့နိုင်အောင် ခွင့်ပြုပြီး website အားဖော်ပြရန်အတွက် ဒေတာများအား လက်ခံရရှိရန်ပြုလုပ်ပေးသည်။

ကွန်ပျူတာများ(သို့မဟုတ်)သတင်းများ ဖြတ်သန်းသွားလာသော router များအကြားရှိ ဆက်သွယ်မှုတိုင်းကို hop ဟုခေါ်သည်။ Hop Number ဆိုသည်မှာ ကွန်ပျူတာ အရေအတွက် (သို့)သင့် အချက်အလက်များဖြတ်သန်းသွားသော လမ်းတလျှောက်ရှိ router အရေအတွက်ဖြစ်သည်။ အောက်တွင် www.globalvoicesonline.org သို့ ကွန်ပျူတာတစ်ခုမှ သွားသောနမူနာ လမ်းကြောင်းအား ပြသထားသည်။

traceroute to globalvoicesonline.org (72.249.186.50), 64 hops max, 40 byte packets

    1 192.168.1.1 (192.168.1.1) 2.425 ms 0.673 ms 0.637 ms
    2 192.168.15.1 (192.168.15.1) 3.824 ms 1.068 ms 1.139 ms
    3 10.92.32.1 (10.92.32.1) 10.712 ms 9.581 ms 98.359 ms
    4 gig-5-3-lbrtnymtn-rtr1.hvc.rr.com (24.164.160.173) 10.720 ms 10.774 ms 11.147 ms
    5 pos-3-1-nycmnya-rtr1.nyc.rr.com (24.164.160.78) 12.533 ms 12.042 ms 11.206 ms
    6 tenge-0-3-0-nwrknjmd-rtr.nyc.rr.com (24.29.97.6) 12.456 ms 13.922 ms 13.821 ms
    7 ae-4-0.cr0.nyc30.tbone.rr.com (66.109.6.78) 15.844 ms 22.984 ms 14.024 ms
    8 ae-1-0.pr0.nyc20.tbone.rr.com (66.109.6.163) 14.605 ms 14.592 ms 43.455 ms
    9 207.88.182.73.ptr.us.xo.net (207.88.182.73) 14.707 ms 14.437 ms 22.936 ms
    10 te-4-0-0.rar3.nyc-ny.us.xo.net (207.88.12.26) 24.168 ms 16.683 ms 16.947 ms
    11 207.88.14.9.ptr.us.xo.net (207.88.14.9) 45.446 ms 45.360 ms 46.136 ms
    12 207.88.14.10.ptr.us.xo.net (207.88.14.10) 70.949 ms 69.782 ms 70.112 ms
    13 207.88.185.38.ptr.us.xo.net (207.88.185.38) 70.162 ms 73.824 ms 73.137 ms
    14 switch19.rimuhosting.com (65.99.204.18) 70.630 ms 70.344 ms 70.264 ms
    15 server1.globalvoicesonline.org (72.249.186.50) 72.347 ms 72.747 ms 74.179 ms

လိုအပ်သော website သို့ရောက်ရှိပါပြီ။

resized_600x229_GVO

အင်တာနက်ကို အသုံးပြုဘူးသူဆိုလျင်တော့ ထိုရှုပ်ထွေးလှစွာသော လုပ်ဆောင်ချက်များသည် နောက်ကွယ်ကနေအလုပ်လုပ်နေပြီး သင်လိုချင်သော သတင်းအချက်အလက်များကို ရရှိစေရန် ယင်းတို့အား နားလည်ရန်မလိုကြောင်းကို သိပြီးဖြစ်လိမ့်မည်။ သို့သော်လည်း သတင်းအချက်အလက် ရယူခြင်းကို ကန့်သတ်ရန် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတစ်ခုမှ နည်းစနစ်တစ်ခုခုဖြင့် အထက်ပါလုပ်ဆောင်ချက်ကို နောက်ယှက်ပါက သင်၏ အင်တာနက်အသုံးပြုရာတွင် ကန့်သတ်ခြင်းခံရပါလိမ့်မည်။

ဒါကဘာကြောင့်အရေးကြီးတာလည်း

Internet ပေါ်တွင် ဆင်ဆာဖျက်မှုသည် Internet infrastructure ပေါ်တွင်ပုံစံအမျိုးမျိုးဖြစ်နိုင်သည်။ Website လိပ်စာတစ်ခုလုံး သို့မဟုတ် subdomainများ၊ တစ်ဦးတစ်ယောက်စီ၏ ဆက်သွယ်မှုများ၊ filtering software ဖြင့်သတ်မှတ်ထားသော အကြောင်းအရာများကိုစီစစ်ဖြတ်ထုတ်ခြင်းများ စသည်ဖြင့် ပုံစံမျိုးစုံ ဆင်ဆာဖျက်နိုင်သည်။ ဤအချက်အလက်များ၏ခြားနားခြင်းများကို နားလည်ခြင်းဖြင့် အင်တာနက်သုံးရာတွင် သင့်လျှော်သော tools များကိုရွေးချယ်နိုင်မည် ဖြစ်ပါသည်။

Author : HowTheNetWorks
© Frontline Defenders 2008
Modifications:
adam hyde 2008
Alice Miller 2008
Edward Cherlin 2008
Freerk Ohling 2008
Janet Swisher 2008
Sam Tennyson 2008
Tomas Krag 2008
Zorrino Zorrinno 2008



License : General Public License

Produced in FLOSS Manuals

READ & DOWNLOAD the manual in other languages >>

  • HOW TO BYPASS INTERNET CENSORSHIP by FLOSS Manuals Community Members

    Inform yourself on how Internet censorship works and how to route around it with free software. Includes an excellent overview of the techniques and tools for beginners and advanced users.
    Paperback book: €11.53,

    available on Lulu.com
  • HOW TO BYPASS INTERNET CENSORSHIP - supplement for proprietary software by Sesawe

    Paperback book: €5.05,

    available on Lulu.com