ဤဆောင်းပါး၏ မူကွဲအားလုံး English | فارسى | русский | 中文 | عربي | Español | Tiếng Việt

အင်တာနက်ကို ဘယ်သူထိန်းချုပ်ထားလည်း?

အင်တာနက် ထိန်းချုပ်ခြင်း အကြောင်းအရာမှာ ရှုပ်ထွေးပွေလီလှသည့် နိုင်ငံရေး ဖြစ်ပြီး ယခု အချိန်အထိ အငြင်းပွားနေရစဲ ဖြစ်သည်။ အောက်ဖော်ပြပါ စာပိုဒ်မှာ ကြည့်ရှုခွင့် ပိတ်ပင်သည့် အထူး နည်းလမ်းများအပေါ် နည်းစနစ်အချို့ ၏ လုပ်ဆောင်ချက် များမှ မည်ကဲ့သို့ အကျိုး သက်ရောက်သည်ကို သင်နားလည်နိုင်ရန် ရည်ရွယ်သည်။ အဓိက အချက်ကတော့ အချို့ နိုင်ငံများတွင် အင်တာနက်နှင့်ပတ်သတ်သည့် အခြေခံလုပ်ငန်း အားလုံးကို အစိုးရနှင့် တယ်လီဖုန်း ကုမ္ပဏီ ကြီးများမှ ပိုင်ဆိုင်ကြခြင်းဖြစ်သည်။ သတင်းအချက်အလက် များ ကြည့်ရှု့ခွင့်ကို ပိတ်ပင်ခြင်သော အစိုးရအဖွဲ့အစည်းတစ်ခုသည် သတင်းအချက်အလက် များ ထုတ်လွှတ်သည့်နေရာ သို့မဟုတ် နိုင်ငံအတွင်းသို့ သတင်းအချက်အလက်များ ဝင်ထွက်သည့် နေရာများကို တိုက်ရိုက် ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ ထိန်းချုပ်နိုင်သည်။ အစိုးရတွင် နိုင်ငံသား များအပေါ် စုံစမ်းစောင့်ကြည့်ရန် တရားဝင်အာဏာ အပြည့်အဝရှိပြီး တစ်ခါတစ်ရံတွင်ဥပဒေ နှင့် မညီသော နည်းလမ်းများ အသုံးပြု၍ အင်တာနက် အသုံးပြုခြင်းအား စောင့်ကြည့် တားမြစ်သည်။

အစိုးရ၏ ပါဝင်ပတ်သတ်မှု

အင်တာနက်ကို ၁၉၇၀နှစ်ပိုင်းတွင် အမေရိကန်အခြေစိုက် သုတေသန အဖွဲ့အစည်းတစ်ခုမှ တည်ထွင်ခဲ့သည်။ ၎င်းသည် တဖြည်းဖြည်း ပညာရေး၊ လူမှုရေး နှင့် စီးပွားရေးတို့တွင် အသုံးတွင်ကျယ်လာခဲ့သည်။ ယနေ့ခေတ်တွင် တစ်ကမ္ဘာလုံးဆက်သွယ် နိုင်ရန်နှင့် တွဲဖက်အလုပ်လုပ် နိုင်ရန် သဘောတူညီချက်များနှင့်စံညွှန်းများကို ထိန်းသိမ်းရန် တစ်ကမ္ဘာလုံး ရှိလူများ အလုပ်လုပ်နေကြသည်။

သို့သော်လည်း ထိုရည်ရွယ်ချက်များနှင့်ပတ်သတ်ပြီး အင်တာနက်အခြေခံလုပ်ငန်းများကို အကောင်အထည်ဖော်ရန် နှင့် အင်တာနက်ဗိသုကာ ၏ အခြားနာမည်ကောင်း တို့ နှင့်ပတ်သတ်ပြီး အစိုးရကို မစွဲဆောင်နိုင်သေးပေ။ နိုင်ငံတွင်းရှိ အင်တာနက်ကို ပြင်ပမှ သုံးစွဲမှုကို တားမြစ်ရန်နှင့် တစ်နိုင်ငံလုံးရှိ အင်တာနက်သုံးစွဲခြင်း ကို ထိန်းချုပ် ကန့်သတ် နိုင်သည့်  “choke points” များကို နိုင်ငံပိုင် တယ်လီဖုန်း ဆက်သွယ်မှု စနစ်များမှ တီထွင်နိုင်သောကြောင့်ဖြစ်သည်။ တစ်ချို့သောအစိုးရအဖွဲ့အစည်းများက မူ ဥပဒေကိုအသုံးမပြုဘဲ ကိုယ်ပိုင် Internet Service Provider များ၏ အပြုအမူများကို သိရှိ နိုင်ရန် ပုံမှန်နည်းစနစ်များ ဖြင့်သာ အုပ်ချုပ်သည်။ တစ်ခါတစ်ရံတွင် ၎င်း တို့အား စုံစမ်းစစ်ဆေး ရန်နှင့် အင်တာနက်ပိတ့်ဆို့ခြင်း၊ တစ်ချို့သောအကြောင်းအရာတို့ကို ကြည်ရှုခွင့် ဖယ်ရှားခြင်းတို့တွင် ပါဝင်ရန် စွဲဆောင်သည်။

တစ်ချို့သော အင်တာနက်ဝန်ဆောင်မှုနှင့် ၎င်း နှင့်သက်ဆိုင်သော လုပ်ဆောင်ချက်များကို အစိုးရ သို့မဟုတ် အစိုးရနှင့် ပတ်သတ်သည့် အဖွဲ့အစည်းများမှ ထိန်းချုပ်သည်။ ပြည်တွင်းအစိုးရကို လုံးဝ မမှီခိုသည့် နိုင်ငံတကာ အင်တာနက် အုပ်ချုပ်ရေးဆိုသည်မှာ လုံးဝ မရှိပေ။ အစိုးရအဖွဲ့အစည်းများသည် အင်တာနက်နှင့် တယ်လီဖုန်းဆက်သွယ်ခြင်း အခြေခံအချက်များအား ထိန်းချုပ်ခြင်း ကို နိုင်ငံအာဏာအဖြစ် သတ်မှတ်ထားသည်။ ၎င်းတို့သည် မသင့်လျှော်သော သို့မဟုတ် အန္တရာယ် ရှိသည်ဟု ယူဆသော အကြောင်းအရာ များကို ဖယ်ရှားခွင့် သို့မဟုတ် ပိတ်ပင်နိုင်ခွင့် အပြည့်အဝ ရှိပေသည်။

ဘာဖြစ်လို့အရေးကြီးတာလဲ

Internet censorship နှင့်ပတ်သက်သည့် ခြိမ်းချောက်မှုများကြောင့် အင်တာနက် ထိန်းချုပ်မှုကို နားလည်ရန် လိုအပ်သည်။ ပြည်တွင်းအစိုးရသည် အကြောင်းအရာများ ကို ပိတ်ပင်ရုံသာမဟုတ်ပဲ နိုင်ငံအတွင်းရှိလူများ မည်သည့်အကြောင်းအရာများကြည့်နေ သည် ကို စောင့်ကြည့်ခြင်း၊၎င်းတို့မှ လက်မခံနိုင်သည် ဟုထင်သော အင်တာနက် နှင့် ပတ်သတ်သည့် အရာများ လုပ်ဆောင်နေသူကို ဒဏ်ရိုက်ခြင်းတို့ကို ပါလုပ်ဆောင်နိုင်သည်။ အစိုးရသည် မည်သည့် website ကို ပိတ်ဆို့ရန်နှင့် ပိတ်ဆို့ခြင်းနှစ်ခုလုံးအား လုပ်ဆောင်ခြင်း၊ ဥပဒေများပြဌာန်းခြင်း၊ အင်တာနက်ပိတ်ဆို့ခြင်းနှင့် စုံစမ်းခြင်းတို့လုပ်ဆောင်ရန် အနည်းငယ်မျှသာရှိသော လွတ်လပ်သည့် ကုမ္ပဏီ များကို တရားလွန်တရားဥပဒေများ အသုံးပြု၍ အကြပ်ကိုင်ခြင်းတို့ကိုပါလုပ်ဆောင်နိုင်သည်။ ထို့ကြောင့် အသုံးပြုသူ၏ အခြေအနေပေါ်မူတည်၍ အင်တာနက် ဆင်ဆာ အားကျော်လွှားရန်ကြိုးစားခြင်းသည် ပြင်ပ ကမ္ဘာ၏ နောက်ဆက်တွဲ အကျိုးဆက်များကို ခံစားရနိုင်သည်။ အင်တာနက် ကို မည်သို့ထိန်းချုပ်သည် မထိန်းချုပ်ဘူး ဆိုသည်မှာ အသုံးပြုသူ၏ လုံခြုံရေးအတွက် သေရေးရှင်ရေးတစ်မျှ အရေးကြီးပေသည်။

Internet စီစစ်ခြင်းနှင့် ကျော်လွှားခြင်း

Simple tricks & web proxies

Advanced Techniques

Tunelling

Helping others (my)

READ & DOWNLOAD the manual in other languages >>

  • HOW TO BYPASS INTERNET CENSORSHIP by FLOSS Manuals Community Members

    Inform yourself on how Internet censorship works and how to route around it with free software. Includes an excellent overview of the techniques and tools for beginners and advanced users.
    Paperback book: €11.53,

    available on Lulu.com
  • HOW TO BYPASS INTERNET CENSORSHIP - supplement for proprietary software by Sesawe

    Paperback book: €5.05,

    available on Lulu.com