ဤဆောင်းပါး၏ မူကွဲအားလုံး English | فارسى | русский | 中文 | عربي | Español | Tiếng Việt
အဆင့်မြင့်နည်းလမ်းမျာ
ပိတ်ဆို့ထားသော အကြောင်းအရာများကို ကြည့်ရှုရန် ရိုးရှင်းသော နည်းလမ်းများသည် (ဥပမာ search engine တစ်ခုမှ သတင်းအချက် အလက်များ ဆင့်ပွားထားသော စာမျက်နှာများ(cached)ကို သုံးခြင်း သို့မဟုတ် ရိုးရှင်းသော web proxy ကို သုံးခြင်း) သည်အဘယ်ကြောင့် ပြည့်စုံခြင်းမရှိ ဆိုသည့် အကြောင်းအရင်း များစွာရှိသည်။ အချို့ကိစ္စများတွင် ထိုရိုးရှင်းသော နည်းလမ်းများသည် ပိတ်ဆို့ခြင်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းမရှိပေ။ အခြားကိစ္စများတွင်မူ ပိတ်ဆို့ခြင်းများသည် ရိုးရှင်းသော web browsing များထက် ကျော်လွန် သော ဝန်ဆောင်မှုများ အပေါ် အကျိုးသက်ရောက်မှုပိုများသည်။(ဥပမာ message ပို့ခြင်း သို့မဟုတ် video တိုက်ရိုက်ကြည့်ခြင်း)။ ဤဖြစ်ရပ်တွင်မူ web proxy များသည် သင်၏ ပြဿနာများကို ဖြေရှင်းပေးမည် မဟုတ်ပေ။
သင် internet ပိတ်ဆို့ခြင်းများကို ရှောင်ရှားချင်သော အခါတွင်လည်းကောင်း (သို့မဟုတ်) သင်မည်သည့် စာမျက်နှာအားဝင်ရောက် ကြည့်ရှုနေ သည်ကို Internet ပိတ်ဆို့ခြင်းပြုလုပ်နေသော အဖွဲ့အစည်းမှ သိခြင်းအား ကာကွယ်ချင်သော အခါတွင်လည်းကောင်း (သို့မဟုတ်) ပထမစာမျက်နှာတွင်ပင်fileter များကို သင်ရှောင်ကွင်း သွားကြောင်း ၎င်းတို့သိရှိခြင်းမှကာကွယ်ခြင်သောအခါတွင်လည်းကောင်း ဤပြဿများ ဖြစ်ပေါ်လိမ့်မည်။
ဤဖြစ်စဉ်များတွင် လွန်စွာ အထူးပြုလုပ်ထားသော နည်းလမ်းများ အသင့်ရှိနေပြီး တစ်ခုစီသည် ပြဿနာ အမျိုးမျိုးကို နည်းလမ်းအမျိုးမျိုးဖြင့် ဖြေရှင်းပေးလိမ့်မည်။
ဤအခန်းသည် ဖြစ်ပေါ်နေသော အခြေအနေတွင် မည်သည့် ဖြေရှင်းချက်သည် အသုံးဝင်သည်ဟူသော ရွေးချယ်မှုအား သင်ပြုလုပ်နိုင်စေမည့် အရေးပါသော နည်းပညာ ဆိုင်ရာ အကြံဥာဏ်များကို တင်ပြပေး ထားသည်။ ပိတ်ဆို့ထားသော သတင်းအချက်အလက်များ ကို ကြည့်ရှုနိုင်စေမည့် နည်းလမ်းအမျိုမျိုးကို လည်းအသေးစိတ် ဖော်ပြထားသေးသည်။
Port များနှင့် Protocol များ
အင်တာနက်သည် ကွန်ပျူတာ၏ ကွန်ယက်များ မည်သို့ ဆက်သွယ်မှုလုပ်သည်ကို ထိန်းချုပ်ပြီး စံပြုထားသော စနစ်များဖြစ်သည့် အစဉ်လိုက် Protocol များပေါ်တွင်မူတည်သည်။အင်တာနက်အဆက်အသွယ်များနှင့် message packet များကို စီမံခန့်ခွဲရန် အတွက် protocol များ၏ အခြေခံသဘောတရား(စည်းမျဉ်း)မှာ TCP/IP ဖြစ်သည်။ Protocol များသည် ဝေးကွာနေသော data များ၊ရှည်လျားသော အသံလွှင့်ခြင်းများအတွက် packet များနှင့် လက်ခံပြီးသော အခါတွင်လည်း data အပိုင်းများကို စနစ်တကျ ပြန်စီစဉ်ပေးခြင်းများကို လုပ်ဆောင်ပေးသည်။မည်သည့် protocol ကို သုံးရမလဲဆိုသည်ကို ဆန်းစစ်ရန် ပုံမှန်နည်းလမ်းမှာ port နံပါတ်တစ်ခုခုသို့ packet များကို နာမည်တပ်ပေးခြင်း ဖြစ်သည်။ ဥပမာ webအတွက် HTTP ကို သာမန်အားဖြင့် port ၈၀ နှင့် email  လက်ခံရယူရန် အတွက် POP3 ကို port ၁၁၀ တွင်သုံးသည်။ IP address တစ်ခုခုတွင် port  တစ်ခုခုသို့ လမ်းကြောင်းကို ပိတ်ဆို့ထားခြင်းသည် ထို site တွင်ရှိသော service တစ်ခုခုကို အသုံးပြု၍ မရနိုင်ပဲအခြားကျန် service များကို မူသုံး၍ရနိုင်အောင်ပြုလုပ်ထားသည်။ ပိတ်ထားသော port  ကိုရှောင်ရှားရန် အရိုးရှင်းဆုံးနည်းလမ်းမှာ စံပြုထားသော port  တွင်လည်း service ပေးခြင်းဖြစ်သည်။ သို့သော် ဤအချက်ကို operator မှသာ ပြုလုပ်နိုင်ပြီး အသုံးပြုသူမှ မပြုလုပ်နိုင်ပေ။
အလွှာခွဲထားသော ကွန်ယက် model
ကွန်ယက် protocol များကို တစ်ခါတစ်ရံ အလွှာများထဲတွင် တည်ရှိနေသော ပုံစံဖြင့်ဖော်ပြလေ့ရှိသည်။ အင်တာနက်တွင်မူ အောက်ဆုံး အလွှာ(link layer) သည် hardware နှင့် အနီးဆုံးဖြစ်ပြီး အပေါ်ဆုံးမှာ မူ (Application layer) အသုံးပြုသူများနှင့် အနီးဆုံးတွင် ရှိသည်။ အဓိကအရေးကြီးသောအလွှာ နှစ်ခုကြားထဲတွင် ရှိသော protocol များမှာ Transmission Control Protocl(TCP)  ဖြစ်သည်။ ၎င်းသည် Transport layer နှင့် Internet layer ထဲတွင်ရှိသော (Internet Protocol) ၏အောက်တွင်ရှိသည်။ နှစ်ခုပေါင်း၍  TCP/IP ဟုဖော်ပြလေ့ရှိသည်။ လူသိနည်းသော်လည်း အရေးပါသည်မှာ TCP နှင့် နေရာတူတွင်ရှိသော UDP(User Datagram Protocol) ဖြစ်သည်။ TCP တွင် ဝန်ဆောင်မှုပေးသော အချို့ service အများစု(အကုန်လုံးမဟုတ်) က UDP တွင် ရှိသော်လည်း အချို့ service များမှာမူ UDP ပေါ်တွင်သာ ရှိကြသည်။
Application layer ဟုခေါ်သော ထိပ်ဆုံးအလွှာတွင် DNS(domain  အမည်ပေးခြင်း)၊ FTP(File ပြောင်းရွှေ့ခြင်း)၊ HTTP(web) IRC(chatting)၊ NNTP(netအသုံးပြုခြင်း)၊ POP3(email လက်ခံခြင်း) SIPC(IPမှ တစ်ဆင့်စကားပြောခြင်း) နှင့် SSH(စကားဝှက်ပြုလုပ်၍ဆက်သွယ်မှု) တို့ကဲ့သို့ကဲ့သို့သော PROTOCOL များပါဝင်သည်။ IANA(Internet Assigned Names Authority) မှအထက်ပါ ဝန်ဆောင်မှု အချက်အလက် တစ်ခုစီအတွက် port number (အမှတ်စဉ်)များသတ်မှတ်ပေးသည်။ ဥပမာ DNS ရှာဖွေစုံစမ်းမှုအတွက် Port 53၊ HTTP အတွက် 80၊ POP3(Post Office Protocol3)အတွက် 110 တို့ဖြစ်သည်။ ထို assignments ကို အသုံးပြုခြင်းမှာ Protocols များအတွက် ယေဘုယျအားဖြင့် မရှိမဖြစ် လိုအပ်ချက်မဟုတ်ပေ။ ဥပမာ မည်သည့် သတင်းအချက်အလက်ကို မဆို ပို့ချင်သည့် port မှ ပို့လွှတ်နိုင်သည်။အထက်ပါနည်းလမ်းများ အတိုင်း အလုပ်လုပ်သော UDP အတွက်လည်း များစွာသော မူလ(default) port  သတ်မှတ်ချက်များ ရှိပြီးဖြစ်သည်။ အချို့ကိစ္စရပ်များတွင် TCP  သို့မဟုတ် UDP ကို အသုံးပြု၍ port တစ်ခုထဲတွင် အသုံးပြုနိုင်သည်။ ဆိုလိုသည်မှာ TCP နှင့်UDP တို့၏ port များမှာ အတူတူပင်ဖြစ်သည်။ ချွင်းချက်တစ်ခုမှာ NTP (Network Time Protocol) ဖြစ်ပြီး ၎င်းကို UDP တစ်ခုထဲတွင်သာ ရရှိနိုင်သည်။ VOICE over IP (VoIP) ကဲ့သို့ TCP တွင် မရနိုင်သော လက်တွေ့ multimedia များကို သုံးရာတွင် UDP ကို အများဆုံးသုံးကြသည်။
အဆင့်မြင့်သော ပိတ်ဆို့ခြင်းနည်းလမ်းများ
[steven J.Murdoch နှင့်  Ross Anderson] ရေးသားသော ‘Access Denied’ အခန်း B မှ ကူးယူဖော်ပြသည်။]
          စီစစ်ခြင်း လုပ်ထုံးလုပ်နည်းများ ကို ထိထိ ရောက်ရောက် အသုံး ပြု  ရန် ရည်ရွယ်ချက် များ သည် ၄င်း တို့ ကိုအသုံး ချ နေသည့် အဖွဲ့ အစည်း၏ အရင်းခံကြောင်း ပေါ် တွင် မူတည် သည်။ ထို ရည်ရွယ်ချက်များသည်  Website တစ်ခု(သို့ မဟုတ် Web page တစ်ခု) ကို ကြည့် ရှု ချင် သူများ ကြည့် မရ နိုင် အောင် ပြုလုပ်ခြင်း ၊ မယုံကြည် ရ အောင် ပြု လုပ်ခြင်း ၊ သို့ မဟုတ် အသုံးပြူသူများ ပထမ ဦးစွာ ကြည့် ရှု ရန် ကြိုး စား ခြင်း ကို တောင်မှ တားမြစ် နိုင် သည်။ ထို လုပ် ထုံး လုပ် နည်း များ ကို ရွေးချယ် ခြင်းမှာ လည်း စီစစ်ခြင်း ပြု လုပ် ရန် လိုအပ် သည့် အဖွဲ့ အစည်းတစ်ခု ၏ လုပ်နိုင်စွမ်းပေါ် တွင်လည်း မူတည်  လိမ့် မည်။ ဥပမာ- ၄င်းတို့ အသုံးပြူမည့်  ငွေပမာဏ ၄င်း တို့ လုပ်ဆောင် လို သည် များ ကို ဆောင်ရွက် ပေးမည့် လူများ နှင့် ၎င်းတို့ အချက်အလက် ရှာဖွေသည့် နေရာတို့ ဖြစ်သည်။
TCP/IP Header Filtering
IP packet တစ်ခုတွင် data packet များ ကို သယ်ဆောင်လာသော (payload) ခေါင်းစဉ် တစ်ခု ပါဝင်သည်။ ထို၏ ခေါင်းစဉ်သည် IP address တည်ရှိနေသောနေရာ ဖြစ်သောကြောင့် router များ သည် ယင်းခေါင်းစဉ်များကို စစ်ဆေး ရပေမည်။ ပစ်မှတ်ထားရှိသော နေရာများကို ဝင်ရောက် ကြည့်ရှုခြင်းကို ကာကွယ်ရန် နာမည် ပျက် စာရင်းပေါ်ရှိ IP address အတွက် ကြိုတင်ကြံရွယ် ထားသော packet များ ကို ဖြတ်ရန် router များကို စီမံထားသည်။ သို့သော်လည်း တစ်နေရာချင်း စီ တွင် အမျိုးမျိုးသော ဝန်ဆောင်မှု များရှိသည်။ (ဥပမာ website များနှင့် email service  နှစ်ခုလုံးကို ဖော်ပြထားခြင်း)။ IP address များပေါ်တွင်သာ ပိတ်ဆို့ခြင်းသည် နာမည်ပျက် စာရင်းပေါ်ရှိ နေရာများ၏ ဝန်ဆောင်မှုအားလုံးကို အသုံးပြု၍ မရနိုင်အောင် ပြုလုပ်ပေးနိုင်သည်။
TCP/IP ခေါင်းစဉ်ထဲတွင်ပင်ရှိသော နာမည်ပျက်စာရင်း ထဲသို့ ဖြည့်စွက်ထည့်ခြင်းဖြင့် ပိုမို တိကျစွာပိတ် ဆို့နိုင်သည်။ ခြားနားသော website များ ကို တူညီသော  IP number တွင်  တူညီသော port number 80 ပေါ်တွင်ထားရှိခြင်းမှာ သာမန်မျှသာ ဖြစ်သည်။
Port Blocking 
Port များအသုံးပြုခြင်းကို သင်အသုံးပြုနေသော ကွန်ပျူတာ အား HOST လုပ်ပေးသော အဖွဲ့အစည်း တစ်ခု၏ network administrator များမှထိန်းချုပ်ထားသည်။ ယင်းထိန်းချုပ်ထားပုံမှာ ISP သည် ကိုယ်ပိုင်အဖွဲ့အစည်း သို့မဟုတ်  Intenet café ဟုတ်မဟုတ်၊  ISP တွင်ရှိသော connection များကို အသုံပြုခွင့်ရှိသူ အစိုးရ၏ ဆင်ဆာ အဖွဲ့ဝင် တစ်ယောက် ဟုတ်မဟုတ် ခွဲခြားပေးခြင်းဖြစ်သည်။ port များ ပိတ်ဆို့ခြင်း အတွက်  ဆင်ဆာပြုလုပ်ခြင်း ထက်ပိုမိုသော အကြောင်းပြချက်များစွာရှိသည်။ spam များကို လျှော့ချရန် (သို့) peer-to-peer filesharing ကဲ့သို့ high-bandwidth များ အသုံးပြုခြင်း နှင့် သက်ဆိုင်သော အသုံးစရိတ်များကို ထိန်းချုပ်ရန် တို့ဖြစ်သည်။   
အကယ်၍ port တစ်ခုပိတ်ဆို့ခြင်းခံရ လျှင် ထို port ပေါ်ရှိ လမ်းကြောင်းများ အားလုံး ကို သင် အသုံးပြု၍ မရတော့ပေ။ ဆင်ဆာများသည် port 1080,3128, နှင့် 8080 များကို မကြာခဏပိတ်ပင် လေ့ ရှိသည်။ ၎င်းတို့သည် လူသုံးများသော port များ ဖြစ်သောကြောင့်ဖြစ်သည်။ ဤဖြစ်ရပ် မှန်ကန်ခဲ့လျှင် လူသုံးမများသော port proxy များကို သင်ရှာဖွေရန် လိုအပ်လိမ့်မည်။ သို့သော်        ရှာဖွေရန် မလွယ်ကူလှပေ။
Telnet ကို အသုံးပြု၍ သင့် connection တွင်မည်သည့် port များပိတ်ဆို့ခြင်းခံနေရသည် ကို စမ်းသပ်နိုင်သည်။ command လိုင်း(terminal or DOS prompt)ကို ဖွင့်၍ “telnet login.icq.com 555” သို့မဟုတ် “telnet login.oscar.aol.com 5555” ကို ရိုက်ထည့်၍ Enter ခေါက်ပါ။ နံပါတ်မှာ သင်စစ်ချင်သော port ဖြစ်သည်။ ထူးခြားသော သင်္ကေတ အချို့ ပေါ်လာမည်ဆိုလျှင် အဆက်အသွယ် အောင်မြင်ပြီဖြစ်သည်။
 telnet_1
အခြာတစ်နည်းဖြင့် ပြောရမည်ဆို လျှင် ကွန်ပျူတာမှ connection မရခြင်း (failed), အချိန်ကြာသွားခြင်း (timed out), နှောင့်ယှက်ခံရခြင်း(interrupted), ချိတ်ဆက်၍မရခြင်း (disconnected), ပြန်၍နေရာချခြင်း(reset) စသည်ဖြင့် တစ်နည်းနည်းဖြင့် သတင်းပို့ခဲ့မည် ဆိုလျှင် ထို port အားပိတ်ဆို့ခံရပြီဟုနားလည်ရမည်။ (သတိပြုစရာမှာ တစ်ချို့ port များသည် IP address အချို့ဖြင့် အသုံးပြုနေချိန် တွင် သာ ပိတ်ဆို့ခံရခြင်းဖြစ်သည်။)
အသုံးများသော port အချို့ကို အောက်တွင်ဖော်ပြလိုက်သည်။
•    20 and 21 - FTP (file transfer)
•    22 - SSH (secure shell remote access)
•    23 - Telnet (unsecure remote access)
•    25 - SMTP (send email)
•    53 - DNS (resolves a computer's name to an IP address)
•    80 - HTTP (normal web browsing; also sometimes used for a proxy)
•    110 - POP3 (receive email)
•    143 - IMAP (send/receive email)
•    443 - SSL (secure HTTPS connections)
•    993 - secure IMAP
•    995 - secure POP3
•    1080 - SOCKS proxy
•    1194 - OpenVPN
•    3128 - Squid proxy
•    3389 - Remote Desktop
•    8080 - Standard HTTP-style proxy
ဥပမာ အားဖြင့် တက္ကသိုလ်တစ်ခုတွင် port 22(SSH),110(POP3),143(IMAP), 993 (secure IMAP), 995 (secure POP3) and 5190 (ICQ instant messaging) တို့ကိုသာ ပြင်ပဆက်သွယ်မှု အတွက် ဖွင့်ထားလိမ့်သည် ဆိုပါစို့။ သင်သည် proxy server တစ်ခု သို့မဟုတ် ထို port များထဲမှ တစ်ခုပေါ်တွင် run နေသည့် VPN server တစ်ခုအား ရှာဖွေရန် လိုလိမ့်မည်။ သို့မဟုတ် သင်၏ သူငယ်ချင်းသော် လည်းကောင်း၊ တက္ကသိုလ်ပြင်ပရှိ သင်ဆက်သွယ်နေသူအား လည်းကောင်း ထို port တစ်ခုခုပေါ်တွင် server တစ်ခုတည်ဆောက်ရန် လိုအပ်ကြောင်း ပြောရလိမ့်မည်။ Server များအား ပုံမှန် လည်ပတ် နေသော port များထက် ထို port များပေါ်တွင်လည်ပတ် စေခြင်းက များပြားလှစွာသော ကျော်လွှားခြင်းနည်းလမ်းတို့ကို အမှန်တကယ်အသုံးချ လာစေနိုင်သည်။
TCP/IP အကြောင်းအရာ စစ်ဆေးခြင်း
TCP/IP စီစစ်ခြင်းသည် packet (အချက်အလက်အစုအစည်းများ) လာသည့်နေရာနှင့် သွားသည့်နေရာ တို့ကိုသာ ပိတ်ဆို့နိုင်ပြီး ၎င်းတို့တွင်ပါသည့် အကြောင်းအရာ ပိုင်းကို တော့ မပိတ်ဆို့နိုင်ပေ။ အကယ်၍ ပိတ်ပင်ထားသော အကြောင်းအရာ များပါသည့် IP address အပြည့်အစုံကို မရရှိနိုင် လျှင်သော်လည်းကောင်း၊ အချို့သော IP address များ သည် ၎င်းတို့နှင့် ပတ်သတ်နေသော ဆက်သွယ်မှုအားလုံးကိုလုံးဝ ပိတ်ဆို့ဖို့ မဖြစ်နိုင်ရန် စည်းမျဉ်းစည်းကမ်းနှင့် ညီသော အကြောင်းအရာ လုံလုံလောက်လောက် ကို ထို IP address တွင် ဟန်လုပ် ဖော်ပြနိုင်လျှင်သော် လည်းကောင်း ထိုစီစစ်မှုသည် ဆင်ဆာ ပြုလုပ်ရန် အခက်အခဲ တွေ့လိမ့်မည် ဖြစ်သည်။ ပိုက်စိပ်တိုက်လုပ် ၍ ဖြစ်နိုင်ချေေ တစ်ခုကတော့  packet များ ၏ အကြောင်းအရာ ပိုင်းတွင် ပိတ်ပင်ထားသော စာလုံးများ(banned keywords) ကို စစ်ဆေးခြင်း ဖြစ်သည်။ သာမန်အားဖြင့် Router များ သည် packet များ၏ ခေါင်းစီများကို သာ စစ်ဆေးပြီး အသေးစိတ်ကို မစစ်ဆေးသောကြောင့် အပိုအထောက်အကူပြု  ပစ္စည်းများတော့ လိုပေလိမ့် မည်။ စည်းကမ်းနှင့် မညီသော packet များကို ပိတ်ဆို့ရန် ပုံမှန် hardware များ တွင် လုံလောက်သော မြန်ဆန်မှု မရှိ၍ ၎င်းတို့အစား အခြားနည်းလမ်းများကို သုံးရမည်။ Packet များတွင် အရွယ်အစား ပမာဏ ရှိသောကြောင့် အကြောင်းအရာအပြည့်အစုံကို packet အမြောက်အများ သို့ခွဲထုတ် ရန် အလားအလာ ရှိသည်။ ထို့ကြောင့် ဥပဒေနှင့် မလွတ်သော packet တစ်ခုဖြတ်သွားပြီဆိုသည်နှင့် ၎င်း၏ နောက်ဆက်တွဲ packet များကို ပိတ်ဆို့ခြင်းဖြင့် ဆက်သွယ်မှုအား နှောင့်ယှက်ဖျက်စီး နိုင်သည်။ packet များကို တိုက်ရိုက်ပိတ်ဆို့၍ ဖြစ်စေ၊ ဆက်သွယ်နေသော နှစ်ဖက်လုံးအား ၎င်းတို့၏ ဆက်သွယ်မှုကို ရပ်ရန် သတိပေးခြင်း ဖြင့်ဖြစ်စေ လုပ်ဆောင်နိုင်သည်။ packet အရွယ်အစား ၏ အခြားအကျိုးသက်ရောက်မှုကတော့ packet နယ်နိမိတ် အနှံသို့ ပျံ့နှံ့သွားခြင်းဖြစ်သည်။ ထို့ကြောင့် စည်းမျဉ်းနှင့်မညီသော keyword များကို packet တစ်ခုချင်းစီတွင် ရှာဖွေသည့် စက်များကို အခက်အခဲ တွေ့စေသည်။ packet စုံစမ်းမှု ကို ပို၍ အကျိုးရှိစေရန် ပို၍ရှုပ်ထွေးစွာ လုပ်ဆောင် နိုင်သည့် အပို ပစ္စည်း များတပ်ဆင်ကာ လုပ်ဆောင်မှုကို ပြန်လည်စီစဉ်ရမည်။ အောက်တွင် ဖော်ပြမည့်  HTTP proxy စီစစ်ခြင်း( HTTP proxy filter) ကို လည်းအသုံးပြုနိုင်သည်။
DNS Tampering
အင်တာနက် ဆက်သွယ်မှု တော်တော်များများ တွင် အထူသဖြင့် web ကြည့်ရှုခြင်းတွင် IP address ထက် domain name များကို အသုံးပြုကြသည်။ ထို့ကြောင့် domain name resolution ကို စီစစ်နိုင်ပြီ ဆိုလျှင် စည်းကမ်းဥပဒေနှင့် မညီသော site များ ကြည့်ရှုခြင်းကို ထိထိရောက်ရောက် ပိတ်ဆို့နိုင်ပြီဖြစ်သည်။ ထိုနညှ်းဗျူဟာဖြင့် အသုံးပြုသူများ သုံးနေသော DNS server သို့ ပိတ်ပင်ထားသော domain name စာရင်းများ ရောက်ရှိသွားလိမ့်မည်။ ထို domain name များ ထဲမှ တစ်ခုအတွက် IP address တစ်ခုကို ကွန်ပျူတာ မှ တောင်းခံခဲ့မည် ဆိုလျှင် NO  ဆိုသော အဖြေသာရရှိ လိမ့်မည်။ IP address မရှိဘဲ ထိုကွန်ပျူတာသည် ရှေ့ဆက်၍မရဘဲ error  message ကိုသာ ဖော်ပြလိမ့်မည်။
သတိပြုရန်မှာ ပိတ်ဆို့ရန် လုပ်ဆောင်နေသော အဆင့်တွင် ပိတ်ဆို့ခြင်းခံရသော  domain name တစ်ခု၏အောက် တွင်ရှိသော စာမျက်နှာများအား လုံးထဲမှတစ်ခုကို  အသုံးပြုသူမှ ကြည့်ရှုရန် တောင်းဆိုခြင်းမပြုနိုင်သေးပေ။
HTTP Proxy Filtering
ကွန်ယက်များ ဖွဲ့စည်းရန် အခြားနည်းလမ်းတစ်ခုကတော့ website သို့ တိုက်ရိုက်ကြည့်ရှုရန် မဟုတ်ပဲ proxy server မှတစ်ဆင့် ကြည့်ရှု့ရန် ဖိအားပေး(သို့မဟုတ် တိုက်တွန်းအားပေး) ရန်ဖြစ်သည်။ ပို၍ပြည့်စုံစွာ ပြောရမည်ဆိုလျှင် တောင်းဆိုမှု ကို ပေးရန်အတွက် web page အား cache ထဲတွင် proxy server မှ ခဏသိမ်းထားလိမ့်မည်။ ထိုသို့ပြုလုပ်ခြင်း၏ ကောင်းကျိုးကတော့ တစ်နေရာထဲမှ နောက်တစ်ဦးကတောင်းဆို လာလျှင် တကယ့် web server  သို့နောက်တစ်ကြိမ် ပြန်သွားရန် မလိုဘဲ cache ထဲမှတစ်ဆင့် ရရှိနိုင်သည်။ အသုံးပြုသူများ ၏ ရှုထောင့်မှကြည့်လျှင် webpage မြန်မြန် ပေါ်လာပြီး ၎င်းတို့၏(ISP) Internet Service Provider အပြင်မှ ဆက်သွယ်စရာ မလိုသောကြောင့်ပိုမို ကောင်းမွန်သည်။ လူသိများသော website များမှ စာမျက်နှာများ ကို အကြိမ်ပေါင်းများစွာ ကူးယူစရာမလိုဘဲ တစ်ကြိမ်သာ လိုအပ်ခြင်းနှင့် webserver သို့ connect  လုပ်ထားခြင်းသည် ဈေးကြီးသော bandwidth ရရှိသောကြောင့် ISP အတွက်လည်း အဆင်ပြေသည်။
လုပ်ဆောင်ချက်များ တိုးတက်နေသော်လည်းပဲ HTTP proxy သည် web site များကို ပိတ်ဆို့နိုင်စဲပင် ဖြစ်သည်။ တောင်းဆိုလာသော web page များကို ကြည့်ရှုခွင့် ပေးသင့် အပေးသင့် ကို  Proxy မှဆုံးဖြတ်ပြီး ပေးသင့်သည်ဆိုလျှင် တောင်းဆိုထားသော အကြောင်းအရာပါသည့် web server သို့တောင်းဆိုမှုကို ပို့လွှတ်သည်။ တောင်းဆိုသော အကြောင်းအရာအပြည့်အစုံကို အသင့်ရရှိ နိုင်သောကြောင့် web page တစ်ခုချင်းစီအား ၎င်းတို့၏ အမည်နှင့် အကြောင်းအရာ ပေါ်မူတည်၍ စစ်ထုတ်နိုင်သည်။
Hybrid TCP/IP and HTTP Proxy
တောင်းဆိုမှုမှန်သမျှ သည် HTTP Proxy ကို ဖြတ်သန်းသွား ရသော ကြောင့် မူလ packet များ မှပြန်လည် စီစဉ် ရမည်ဖြစ် ပြီး နားလည် လွယ်အောင် ဖော်ပြ၍ ပြန်လည်ထုတ်လွှင့် မည်။ လျှင်မြန်လှသည့် Internet connection နှင့်အမှီလိုက်နိုင်ရန် လိုအပ်သည့် hardware မှာ အလွန်ဈေးကြီး သည်။ ထို့ကြောင့်ဈေး သက်သက်သာသာ ဖြင့် အမျိုးမျိုး အသုံးပြု၍ရ သော HTTP Proxy စီစစ်ခြင်းများကို ပေးနိုင်သည့် system များတည်ရှိနေ သည်။ ၎င်းတို့သည် တားမြစ်ထားသော အကြောင်းအရာများ ပါဝင်သည့် website များ၏ IP address များ ကို ပြုစုခြင်းဖြင့် လည်ပတ်သည်။ သို့သော် ယင်း server(IP addresses) များသို့ data စီးဆင်းမှုပိတ်ဆို့ခြင်း ထက်  Transparent HTTP proxy များ သို့ လမ်းလွှဲပေးလိုက်သည်။ ဤတွင် web address များသည် စစ်ဆေးခြင်းခံရပြီး တားမြစ်ထားသော အကြောင်းအရာများပါ ပါက ပိတ်ဆို့ခြင်းခံရမည်ဖြစ်သည်။ မပါလျှင်တော့ သာမန် ပုံစံဖြင့်ထားရှိပေလိမ့်မည်။
Denial of Service
စီစစ်ခြင်းများကို ထိထိရောက်ရောက် အသုံးပြုသော အဖွဲ့အစည်းသည် ပုံမှန်ပိတ်ဆို့သော ကိစ္စများကို ဖြည့်စွက်ရန် အခွင့်မရှိသော အခါတွင် (သို့မဟုတ် ကွန်ယက်တည်ဆောက် မှုများကို ကြည့်ရှုခွင့် မရှိသော အခါတွင်)  network connection သို့မဟုတ် server ကို လေးလံအောင် ပြုလုပ်ခြင်းဖြင့် website များကို ကြည့်ရှုခွင့် မပေးတော့ပေ။ ဝန်ဆောင်မှုငြင်းဆိုခြင်း (Denial of Service) ဟုလူသိများသော နည်းလမ်းကို မြန်ဆန်သော ကွန်ယက်အဆက်အသွယ် ရှိသော ကွန်ပျူတာ တစ်ခုဖြင့် စုစည်းထားသည်။ ယေဘုယျ အားဖြင့် ကွန်ပျူတာ အများစုကို ၎င်းမှ ထိန်းချုပ်ထားပြီး ပြန့်ကျဲနေသော DOS တစ်ခုကို စုစည်းထားခြင်းဖြစ်သည်။
Domain Deregistration
Domain name စနစ်အားအစီအစဉ် ကျစွာ ဖွဲ့စည်းထားသည်။ နိုင်ငံ domain များ (ဥပမာ .uk နှင့် .de) အရင်လာပြီး ဒေသနှင့် မသက်ဆိုင်သော “.org” နှင့် “.com” ကဲ့သို့သော ထိပ်တန်း domain များ သည် နိုင်ငံ domain များ ၏ နောက်တွင်အစဉ်လိုက်အတိုင်းဖြစ်သည်။ ထို domain များအတွက် တာဝန်ရှိသော server များသည်  subdomain များကို တာဝန်ခွဲဝေပေးသည်။ ဥပမာ example.com သည် အခြားသော DNS server များသို့ ထို domain များ၏တောင်းဆိုမှုကို လမ်းညွှန်ပေးသည်။ ထို့ကြောင့် ထိပ်တန်း domain တစ်ခု၏ DNS server သည် domain name ကို မှတ်ပုံတင် မထားပါက recursive resolver သည် IP address ကို မရှာဖွေနိုင်ဘဲ ကို ကြည့်ရှုခွင့် ရမည်မဟုတ်ပေ။
နိုင်ငံကိုယ်စားပြု ထိပ်တန်း domain ကို နိုင်ငံတစ်ခု၏ အစိုးရ(သို့မဟုတ်) ထိုနိုင်ငံမှ ခန့်ထားသော အဖွဲ့အစည်းမှ ထိန်းချုပ်ပေလိမ့်မည်။ ပါဝင်သော အကြောင်းအရာများကို တားမြစ်သည့် နိုင်ငံတစ်ခု၏ domain အောက်တွင်  site တစ်ခုမှ မှတ်ပုံတင်ထားလျှင် ထို site သည် မှတ်ပုံတင်မထားခြင်း၏  အန္တရာယ်များ ကြားတွင် ရောက်ရှိနေပေမည်။
Server ကိုဖြုတ်ချခြင်း
အကြောင်းအရာများကို လက်ခံဖော်ပြထားသည့် server များသည် ပြင်ပတစ်နေရာရာ တွင် အမှန်တစ်ကယ် ရှိရမည်ဖြစ်ပြီး ၎င်းတို့အား လည်ပတ်စေသည့် အုပ်ချုပ်သူများ မှလုပ်ဆောင်ရမည် ဖြစ်သည်။ အကယ်၍ ထိုနေရာများသည် လက်ခံထားသော အကြောင်းအရာ များကို ဆန့်ကျင်သည့် ဥပဒေ အရာရှိ တစ်ဦး၏ ထိန်းချုပ်မှုအောက်တွင် ရှိနေလျှင် server အားဖြတ်တောက်ခံရခြင်း သို့မဟုတ် server ပိုင်ရှင်အား ဖျက်ပစ်ရန် တောင်းဆိုလာလိမ့်မည်။
စုံစမ်းစစ်ဆေးခြင်း
အထက်ပါ အစိတ်အပိုင်းများသည် တားမြစ်ထားသည့်အရာ များကို ကြည့်ရှုခြင်းမှ တားစီးထားသော် လည်း နှစ်ခုလုံးမှာ အကြမ်းသာဖြစ်ပြီး ကျော်လွှား၍ ရနိုင်သေးသည်။ ကျော်လွှားနေစဉ် တစ်ချိန်ထဲမှာ စီစစ်နိုင်သော အခြားနည်းလမ်း တစ်ခုမှာ မည်သည့် website များကြည့်ရှုပြီး ဖြစ်ကြောင်းကို စောင့်ကြည့်ခြင်းဖြစ်သည်။ အကယ်၍တားမြစ်ထားသော အကြောင်းအရာများ အားကြည့်ရှုခဲ့လျှင် (သို့မဟုတ် ကြည့်ရှုရန်ကြိုးစားခဲ့လျှင်) ဥပဒေအရ ထိထိရောက်ရောက် အရေးယူ ခံရလိမ့်မည်။
ထိုအချက်ကို လူသိများအောင် ပြုလုပ်နိုင်ခဲ့ပြီ ဆိုလျှင် ပိတ်ဆို့ခြင်းနည်းပညာ များမလုံလောက်ခဲ့ ဘူးဆိုလျှင်တောင်မှ တားမြစ်ထားသော အကြောင်းအရာများကို ကြည့်ရှုခြင်းမှ တားနိုင်သည်။
Code များရေးခြင်း ဖြေရှင်းခြင်းအတတ်ပညာ
Code များရေးခြင်း ဖြေရှင်ခြင်းအတတ်ပညာသည် ဆက်သွယ်မှုများကို ရှုပ်ထွေးစေရန် ခက်ခဲ နက်နဲသော သင်္ချာနည်းလမ်များကို သုံးထားသည့် စုံစမ်းခြင်းများကို ခိုးနားထောင်သူများ နားမလည်စေရန် ခုခံသော နည်းပညာ တစ်မျိုးဖြစ်သည်။ ထိုအတတ်ပညာသည် အဆက်အသွယ် များ (သို့မဟုတ်) အနည်းဆုံး network operator များမှ စုံစမ်းစစ်ဆေး ၍ ရရှိခြင်းမှ လည်း ကာကွယ်နိုင်သည်။
ခေတ်မီ Cryptography နည်းပညာသည် ဖြိုဖျက်ရန် အလွန်ပင်ခက်ခဲပေ လိမ့်မည်။ ထို cryptographic software များသည် ခိုးနားထောင်မှု များကို ပြည့်ပြည့်၀၀ သီးသန့်ကိုယ်ပိုင် ကာကွယ်နိုင်ရန် ဆောင်ရွက်ပေးသည်။ တနည်းဆိုရသော် စာဝှက်ခြင်း ကို malware သို့မဟုတ် key-management နှင့် key-exchange ပြ ဿနာ များပါဝင်သော ပုံစံအမျိုးမျိုးဖြင့် ကျော်လွှားနိုင်ပေလိမ့်မည်။ သို့သော် cryptography ကိုလုံခြုံစွာအသုံးပြု လျှင် အသုံးပြုသူမှာ ထိုနည်းစနစ် များကို လိုက်နာစရာမလိုတော့ပေ။ ဥပမာ cryptographic application များသည် အခြားကွန်ယက် အဆက်အသွယ် တွင် ရှိသော လူပုဂ္ဂိုလ် များ၏ အကြောင်းအရာ အချက်အလက် ကိုစစ်ဆေးရန် နည်းလမ်း လိုအပ်ပေသည်။ သို့မဟုတ်ပါက သီးသန့် ဆက်သွယ် မှုများအား အကြံအစည် ဖြင့်ကြားဖြတ်နိုင်ရန် တစုံတယောက် ဆက်သွယ်နေသောသူအဖြစ် အယောင်ဆောင် ၍ ခိုးနားထောင် သူများဖြစ်သည့် အလယ်မှ ကြားဖြတ်နေသောသူ သည် ဆက်သွယ် မှုများကို အလွယ်တကူ ရယူနိုင်သွားပေလိမ့်မည်။ ထိုအကြောင်းအရာ အချက်အလက် များစစ်ဆေးခြင်းကို software အသီးသီး မှ နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်ကြသည်။ သို့သော် ထိုစစ်ဆေးခြင်း ကိုကျော်လွှား ခြင်း (သို့မဟုတ်) ရှောင်ရှားခြင်းသည် စုံစမ်းစစ်ဆေးခြင်းများအား ခုခံနိုင်မှု အားနည်းပေလိမ့်မည်။
အခြားစုံစမ်း စစ်ဆေးခြင်းနည်းလမ်းမှာ traffic analysis ဖြစ်သည်။ (အကြောင်းအရာများ ဦးတည်ရာနေရာများ သို့မဟုတ် ဆက်သွယ်မှုများ၏ အကြောင်းအရာများကို ခိုးနားထောင်သူတစ်ယောက် နားလည်ရန် ခက်ခဲလျှင်တောင်မှ အဆက်အသွယ် များ၏ အဓိပ္ပါယ် ကို ကောက်ချက်ချ ရန် အသုံးပြုသည့် အဆက်အသွယ် တစ်ခု၏ အကြောင်း တည်ရှိနေသောနေရာ ဖြစ်သည်။) Traffic analysis သည် စွမ်းအားပြင်းသော နည်းလမ်းတစ်ခု ဖြစ်ပြီးခုခံ နိုင်ရန် မလွယ်ကူပေ။ အမည် မဖော်ခြင်းစနစ် ကို အသုံးပြု ခဲ့လျှင် တောင် မှ traffic analysis နည်းစနစ် သည် ထိုအမည်မဖော် သော အဖွဲ့အစည်း ကို ရှာဖွေ ဖော်ထုတ်ရန် ကူညီနိုင်ပေလိမ့်မည်။ အမည်မဖော် လိုသည့် စနစ်ဖြစ် သော Tor တွင် traffic analysis ၏အကျိုးသက်ရောက်မှု ကို လျော့ချ ရန် အတွက် ကိရိယာအချို့ပါဝင်သည်။ သို့သော် ခိုးနားထောင်သူများ ၏ စွမ်းဆောင်ရည်ပေါ်မူတည် ၍ အားနည်းနေနိုင်သေးသည်။
လူမှုရေးနည်းစနစ်များ
လူမှုရေးနည်းပညာများကို အသုံးပြုသူများ မသင့်လျော်သော အကြောင်းအရာများကို ကြည့်ရှုခြင်းမှ ဟန့်တားရန် အသုံးပြုလေ့ရှိသည်။ ဥပမာ ကလေးသူငယ်များ မသင့်လျော် သော site များကို ကြည့် ရှုခြင်းမှဟန့်တား ရန်အနိမ့်ဆုံးနည်းဖြစ်သော ကြောင့် သီးသန့်ကြည့်နိုင်သောနေရာတွင် ထားမည့်အစား မိသားစုများသည် ၎င်းတို့ ကွန်ပျူတာ screen ကိုအားလုံးမြင် သောနေရာ ဖြစ်သည့် ဧည့်ခန်း တွင်ထားပေလိမ့်မည်။ စာကြည့်တိုက် တစ်ခုသည် ကွန်ပျူတာ များကို ကောင်းမွန်စွာ နေရာချလိမ့်မည်။ သို့မှသာ သူတို့၏ screen များကို စာကြည့်တိုက် မှူး၏ခုံမှ မြင်သာစေရန်ဖြစ်သည်။ Internet Café တစ်ခု တွင် CCTV စုံစမ်းစစ်ဆေးသည့် ကင်မရာ ရှိပေလိမ့် မည်။ ကင်မရာများအတွက် ပြည်တွင်း ဥပဒေ ရှိနိုင်ပြီး အသုံးပြုသူများ အစိုးရမှ ထုတ်ပြန်ထားသော ဓာတ်ပုံ များ နှင့် ပတ်သတ် ၍ မှတ်ပုံတင် ထားခြင်းလည်း ရှိ ပေလိမ့်မည်။ မည့်သည့်အရာ သည် မြင်သာသနည်း မည်သည့် အရာသည် မသင့်လျော်သနည်းကို ချိန်ဆ ၍ မြင်နိုင်ခြင်းကို ထိန်းချုပ်ခြင်း များလည်းရှိပေလိမ့်မည်။
READ & DOWNLOAD the manual in other languages >>
  • HOW TO BYPASS INTERNET CENSORSHIP by FLOSS Manuals Community Members
    Inform yourself on how Internet censorship works and how to route around it with free software. Includes an excellent overview of the techniques and tools for beginners and advanced users.
    Paperback book: €11.53,
    available on Lulu.com
  • HOW TO BYPASS INTERNET CENSORSHIP - supplement for proprietary software by Sesawe
    Paperback book: €5.05,
    available on Lulu.com